ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌမှာကြား

0
39

ပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေးတို့အတွက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

နစက ဥက္ကဋ္ဌမှ ယနေ့ စက်တင်ဘာ ၁၇ ရက်မွန်းလွဲပိုင်းကကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးသို့တက်ရောက်၍ ဆွေးနွေးပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်သူများသွားလာမှုအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်မှုမရှိစေရေးတို့အတွက် ထိခိုက်ပျက်စီးခဲ့သည့် လမ်း၊ တံတားများ ပြန်လည်ဖွင့်လှစ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကာ ပျက်စီးသွားသော တံတားများတွင် ယာယီဘေလီတံတားများကို ဦးစားပေးဆောက်လုပ်ရမည်ဟု မှာ ကြားသည်။

ထို့ပြင် ရေဘေးရှောင်စုရပ်များသို့ရောက်ရှိနေသူများ ၎င်းတို့၏ နေရပ်သို့ပြန်လည်သွားရောက်နိုင်ရန်ဆောင်ရွက်ပေးရမည်ဖြစ်ကာ ရေဝင်နစ်မြုပ်ခဲ့သည့် ရပ်ကွက်ကျေးရွာများအတွင်း သန့်ရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။

” မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ သူတို့ရဲ့နေရပ်ဒေသအသီးသီးမှာ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးရပါမယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်လိုအပ်တဲ့ ငွေကြေး၊ စက်ယန္တရားတွေနဲ့ အထောက်အကူပြုပစ္စည်းတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြုလုပ်ရာ၌ ‌ေ-သဆုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများပြုလုပ်ပေးရမည်ဖြစ်ကာ ရေဘေးကြောင့် နေအိမ်ဆုံးရှုံးခဲ့သူများအတွက်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ရေဘေးဒုက္ခသည်စခန်းများရှိပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင်ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here