ကယန်းလက်‌ဝှေ့မယ် ဘရော်နီကာ ရှမ်းတောင်နှင့် ကယားပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်း ပါဝင်လှူဒါန်း

0
33

မြန်မာပြည်ဖွား ကယန်းလက်ဝှေ့မယ်ဘရော်နီကာအ‌နေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျပ်(၁၀)သိန်းထောက်ပံ့လှူဒါန်းသွားမည်ဟု သူမက အသိပေးပြောကြားသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် သူမနေထိုင်ရာ ထိုင်းနိုင်ငံ၌ အလှူငွေကောက်ခံခြင်းများတွင်လည်း ပါဝင်ကူညီလျက်ရှိပြီး ၊ ယမန်နေ့ စက်တင်ဘာ (၁၇)ရက် အထိ ထိုင်းဘတ်ငွေ (၃၃,၅၀၀)ဘတ် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“ဘရော်တို့ ရှမ်းတောင်ဘက်ရယ် ကယား(ကရင်နီ)ဒေသပေါ့နော်။ အဲ့ဒီဘက်တွေက ရောက်ရှိတဲ့သူတွေကမရှိဘူး။ နည်းနည်းခဲယဉ်းတာပေါ့။ ဘရော် ဒီကနေပြီးတော့ တတ်နိုင်သလောက် ကြိုးစားပြီးတော့မှ ဘရော့်ကိုချစ်တဲ့သူ ဘရော့်ကို ယုံကြည်တဲ့သူတွေ ပါဝင်ပြီးလှူဒါန်းနိုင်ပါတယ်။”ဟု ဆို သည်။

လှူဒါန်းလိုသူများအနေဖြင့် Vero Nika၏ လူမှုကွန်ယက်ဖေ့ဘွတ်စ်အကောင့် Comments တွင် ဘဏ်အကောင့်နံပါတ်ကို ဖော်ပြထားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း ယာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းရာမှ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ၊ လက်ရှိတွင် အဆိုပါ ရေဘေးသင့်ဒေသများသို့ နယ်ပယ်အသီးသီးမှ အလှူ ရှင်များက သွားရောက်ထောက်ပံ့ကူညီလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here