အရှေ့အလယ်ပိုင်းတင်းမာမှုမြင့်တက်နိုင်ခြေရှိ၍ သက်ဆိုင်သူများကို အမေရိကသတိပေး

0
27

ဝါရှင်တန်၊စက်တင်ဘာ ၂၀

အီရန်ကျောထောက်နောက်ခံပြု ဟဇ်ဘိုလာနှင့်အစ္စရေးတို့ကြားတင်းမာမှုများ ဆက်လက်မြင့်တက်လာနေသဖြင့် အမေရိကသည် သက်ဆိုင်သူများကို သတိပေးစကားပြောကြားခဲ့ပြီး အမေရိကအနေဖြင့် ဖြစ်နေသမျှပြဿနာအားလုံးကို သံတမန်နည်းလမ်း အရသာဖြေရှင်းစေလိုကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အစ္စရေးက ကိုယ့်မြေကိုယ့်ရေကိုကာကွယ်တာကို လက်ခံအားပေးပါတယ်၊ဒါပေမဲ့ ဒီပြဿနာကို ထပ်ပြီးရှည်ကြာစေမဲ့ အပြုအမူနဲ့လုပ်ရပ်တွေကိုတော့ အားမပေးပါဘူး” ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာမက်သရူးမီလာကပြောကြားခဲ့သည်။

“ဖြစ်နေတဲ့ပြဿနာတွေကို သံတမန်နည်းအရဖြေရှင်းလို့ရအောင် စ ပြီး ဖြစ်တဲ့အောက်တိုဘာ ၇ ရက်ကတည်းက ကျွန်တော်တို့ကာကြိုးပမ်းခဲ့ပါတယ်၊ဒါပေမဲ့ ကျွန်တော်တို့ထက် ဒီပြဿနာထဲပါဝင်တဲ့နိုင်ငံတွေကပဲ အဓိကဖြစ်တာမို့ ကျွန်တော်တို့ဘယ်လောက်ကြိုးပမ်းကြိုးပမ်းအောင်မြင်မှုမရခဲ့ပါဘူး” ဟုလည်းပြောကြားခဲ့သည်။

ကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် နောက်တစ်ပတ်အတွင်း အစ္စရေးသို့သွားမည့်အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူတစ်ဦးကပြောကြားခဲ့သော်လည်း မစ္စတာမီလာက မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။သို့သော် ဝါရှင်တန်အနေနှင့် အစ္စရေးနှင့် ကျိန်းသေပေါက် ဆွေးနွေးဦးမည်ဟုဆိုခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here