ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်က ယန်း(၃)သိန်းလှူဒါန်း

0
19

မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်မှ ယမန်နေ့ စက်တင်ဘာ ၁၉ ရက်က ယန်း(၃)သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် နာဂိုယာမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Mr. Toshio Nishimura က ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံး၊ တိုကျိုမြို့သို့လာရောက်၍ လှူဒါန်းခဲ့ခြင်းဖြစ် သည်။

အဆိုပါ အလှူငွေအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးစိုးဟန်က လက်ခံရယူခဲ့ပြီး အလှူငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here