မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၏ ဂိုးနည်းပြဖြစ်လာသည့် ထိုင်းနိုင်ငံသားနည်းပြ

0
10

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း၏ ဂိုးနည်းပြအဖြစ် ထိုင်းနိုင်ငံသား Mr. Kittiphat Saksoemsuk ကို ယနေ့ စက်တင်ဘာ ၂၀ ရက်က စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် လာမည့် နိုဝင်ဘာ ၂၀ ရက်မှစတင်၍ ထိုင်းနိုင်ငံတွင်ကျင်းပမည့် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ရန် အားဖြည့်မှုအနေဖြင့် ထိုင်းနိုင်ငံသား Mr. Kittiphat Saksoemsuk ကို ဂိုးနည်းပြအဖြစ် (၆)လစာချုပ်ဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိုးနည်းပြဖြစ်လာသည့် Mr. Kittiphat Saksoemsuk သည် ကစားသမားဘဝတွင် Hongyen thakam futsal club, Sisaket futsal club, Highways futsal club, Sing samutsakhon futsal club, Suratthani futsal club, Nt futsal club အသင်းများတွင် ပါဝင်ကစားခဲ့ပြီး ဂိုးနည်းပြအဖြစ် Goldcity samutsakhon, kasembundit university, Thailand Asean university, Ubonratchathani rajabhat university အသင်းများ၌ တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။

ပဏာမမြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် စက်တင်ဘာ ၁၉ ရက်မှစတင်၍ MFF Futsal Stadium တွင် တစ်ရက် လေ့ကျင့်ချိန် ၂ ကြိမ် နှုန်းဖြင့် လေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here