မြန်မာ့ လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင် ONE တွင် ဒုတိယအကြိမ်ရှုံးနိမ့်ပြန်

0
24

ယနေ့ည စက်တင်ဘာ (၂၀)ရက်တွင် ONE က ပြုလုပ်သည့် ONE Friday Fights-80 ပွဲစဉ်အတွင်း ရိုးရာ လက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင် ပြိုင်ဘက် ဥဇဘတ်ကစ္စတန်နိုင်ငံသား Mavlolbek Kakhkaorov တို့ အရေးနိမ့်ခဲ့ပြီး ONE တွင် ဒုတိယမြောက် ရှုံးပွဲနှင့် ကြုံခဲ့ရပြန်သည်။

ယနေ့ ပွဲစဉ်သည် သွေးသစ်ဝင်းလှိုင်အတွက် ONE ၌ ယှဉ်ပြိုင်သည့် ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပွဲစဉ်အတွင်း မွေထိုင်းဖိုက်တာ ခွန်ဆတ်ကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ထားသည်။

သွေးသစ်ဝင်းလှိုင်နှင့် ထိုးသ-တ်ခဲ့သည့် ဥဇဘတ်ကစ္စတန် နိုင်ငံသားမှာ တို-က်ခိုက်ရေးပိုင်းတွင် အားကောင်းပြီး မာဂုဏ်မြင့် ကစားသမားတစ်ဦးလည်း ဖြစ်သည့်အတွက် သွေးသစ်ဝင်းလှိုင်အနေဖြင့် ပွဲစဉ် (၃) ချီလုံး ဖိအားပေး တို-က်ခိုက်ခံရကာ အရေးနိမ့်ခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုလ စက်တင်ဘာ(၂၇)ရက်တွင် ကျင်းပပြုလုပ်မည့် ONE Friday Fights 81 ပွဲစဉ်တွင်လည်း ရိုးရာ ဖိုက်တာ သံမဏိ စိုးလင်းဦး မွေထိုင်းဖိုက်တာ နဘီးလ်နှင့် ယှဉ်ပြိုင်သွားမည်ဖြစ်ကာ ရိုးရာဖိုက်တာ သန့်ဇင်အနေဖြင့်လည်းဂျပန်နိုင်ငံသား ကစ်ဘောက်ဆင်ချန်ပီယံ တာကဲရုနှင့် ယှဉ်ပြိုင်ကစားသွားရန်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here