မိုင်းဆတ်မြို့၊ ပိန်းခမ်းကျေးရွာ တစ်ရွာလုံး ရေနစ်မြှုပ်ခဲ့ပြီး အရေးပေါ် အကူအညီများလိုအပ်နေ

0
25

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊  မိုင်းယွန်းကျေးရွာအုပ်စုအတွင်းရှိ ပိန်းခမ်းကျေးရွာ၌ ရေကြီးရေလျှံမှုများကြောင့် တစ်ရွာလုံးရေနစ်မြှုပ်ခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက်အရေးပေါ်အကူအညီများလိုအပ်လျှက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကျေးရွာသည် ယခုလ စက်တင်ဘာလ(၁၀)ရက်နေ့ကစ၍ နမ့်ခုတ်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ ယင်းရွာအတွင်းရှိ အိမ်ခြေ(၈၀)ကျော် ရေနစ်မြှုပ်ခဲ့ရကြောင်း ဆိုသည်။

“မိုင်းဆတ်မြို့နယ်ထဲက ပိန်းခမ်းကျေးရွာ တစ်ရွာလုံး (၁၀)ရက်နေ့ကစပြီး အိမ်ခြေ (၈၅ )အိမ်လုံး ရေထဲနစ်မြုပ်သွားတာ။ အကူအညီအများကြီး လိုအပ်နေပါတယ်။ ရေပြန်ကျသွားပြီဆိုပေမယ့် ပျက်ဆီးခဲ့တဲ့အခြေအနေတွေကြောင့် အကူအညီလိုနေပါတယ်”ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ကာလ၌ ဒေသတွင်း အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့ရသည့်အတွက် မိုင်းဆတ်မြို့နယ်အတွင်းရှိကျေးရွာများရေကြီးရေလျှံမှု ကြုံခဲ့ရသည့် အခြေအနေများကို ရပ်ဝေးနေသူများ မသိခဲ့ရခြင်းဖြစ်သည်။

တစ်ရွာလုံးရှိ လူနေအိမ်များ ရေနစ်မြုပ်ခဲ့သည့် ပိန်းခမ်းရွာသည် မိုင်းဆတ်မြို့တွင်းနှင့် ဝေးကွာပြီး နမ့်ခုတ်ချောင်းရေ လျှံလာမှုကြောင့် ရေဘေးသင့်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာလည်း စက်တင်ဘာ (၁၀)ရက်နေ့ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရပြီး၊ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ရသေးသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here