တရုတ် – အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း (၈၄) ခန်းပြသမည်

0
20

(၂၁) ကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပြခန်း (၈၄) ခန်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ စက်တင်ဘာ (၂၄) ရက်မှ (၂၈) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တတ်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ပြပွဲကို ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်မှုအကျိုးကျေးဇူးရရှိရန်၊ တရုတ် – အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ ၃.၀ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရန်နှင့် တရုတ် – အာဆီယံဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် (၂၁) ကြိမ်မြောက် တရုတ် – အာဆီယံကုန်စည်ပြပွဲတွင် ဆန်စပါးကဏ္ဍ၊ အာရေဗီကာကော်ဖီ (Arabica Coffee) ကဏ္ဍ၊ ရေထွက်လုပ်ငန်းကဏ္ဍ၊ သစ်သီးဝလံကဏ္ဍ၊ လက်ဖက်ကဏ္ဍ၊ ဟင်းခတ်အမွှေးအကြိုင်ကဏ္ဍ၊ သစ်သားထည်ကဏ္ဍ၊ လက်မှုအနုပညာကဏ္ဍနှင့် ကျောက်မျက်ကဏ္ဍတို့အတွက် ပြခန်းပေါင်း (၈၄) ခန်း ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here