ကူကီးစစ်သွေးကြွများ ဝင်လာသည့်သတင်းကြောင့် မဏိပူရ်တွင်တပ်လှန့်ထား

0
20

မြန်မာဘက်မှ ကူကီး စစ်သွေးကြွ ၉၀၀ ခန့် အစုလိုက် အပြုံလိုက်ဝင်ရောက်ခဲ့ဖွယ်ရှိသည် ဟူသော ထောက်လှမ်းရေး သတင်းများကြောင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် သတိပေးတပ်လှန့်ထားသည်ဟု အကြီးတန်းလုံခြုံရေး အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောဆိုသည်။

စစ်သွေးကြွများနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များကို ထောက်လှမ်းရေးဌာန အသီးသီးသို့ မျှဝေခဲ့သည်ဟု မဏိပူရ်ပြည်နယ် လုံခြုံရေးအကြံပေး ကူလ်ဒီယက်ဆင်းက သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

မဏိပူရ်ပြည်နယ်တွင် လူများစု ကသည်းများနှင့် လူနည်းစု ကူကီး အသိုက်အဝန်းများအကြား စီးပွားရေး အကျိုးအမြတ်နှင့် ခွဲတမ်းဆိုင်ရာ အငြင်းပွားမှုများကြောင့် ၂၀၂၃ ခုနှစ် မေလမှစကာ အကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့သည်။

“နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို သတိပေးတပ်လှန့်ထားပြီး စစ်ဆင်ရေးတွေ ပိုက်စိပ်တိုက် လုပ်ဆောင်နေပါတယ်” ဟု သူက ပြောဆိုပြီး ကူကီးမျိုးနွယ်စုများနေထိုင်ရာ တောင်ပေါ်ခရိုင်ဒေသများတွင် အထူးသတိထား ဆောင်ရွက်နေသည်ဟုလည်း ဆိုခဲ့သည်။

မဏိပူရ်တောင်ပိုင်းတွင် နေထိုင်ကြသော ကူကီးလူမျိုးများသည် မြန်မာနိုင်ငံရှိ ချင်းလူမျိုးများနှင့် မျိုးနွယ်တူများ ဖြစ်ကြသည်။

ကူကီစစ်သွေးကြွများက ဖောက်ခွဲရေးပစ္စည်းများ တပ်ဆင်ထားသော ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟူသော တာဝန်ရှိသူများ၏ စွပ်စွဲချက်များထွက်ပေါ်လာအပြီးတွင် ယခုကဲ့သို့ ထောက်လှမ်းရေးသတင်း ထွက်လာခြင်းဖြစ်သည်။ ကူကီလူမျိုးစုဆိုင်ရာ တာဝန်ခံများကမူ အဆိုပါတိုက်ခိုက်မှုများကို ၎င်းတို့ အသိုက်အဝန်းက လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဟု ငြင်းဆိုသည်။

ယင်းတိုက်ခိုက်မှုများကို တုန့်ပြန်သည့်အနေဖြင် အင်မ်ဖါလ် မြို့တွင် ကသည်း ဆန္ဒပြသူ အမြောက်အများ စုဝေးချီတက်ခဲ့ကြပြီး ကူကီးစစ်သွေးကြွများကို အရေးယူပေးရန် တောင်းဆိုခဲ့သည်။

မငြိမ်သက်မှုဖြစ်စဉ်များကို ထိန်းကွပ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေသော်လည်း တိုက်ခိုက်မှုများ ထုံ့ပိုင်း ကြိုကြားဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ယခုလအစောပိုင်းတွင် ‌ေ-သဆုံးသူ ၁၁ ဦး ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလမှ စတင်ခဲ့သော ပဋိပက္ခတွင် လူပေါင်း ၂၃၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီဖြစ်ကာ လူဦးရေ ၃ ဒဿမ ၂ သန်းရှိ မဏိပူရ်ပြည်နယ်တွင် လူပေါင်း ၆၀၀၀၀ ကျော်သည် နေရပ်စွန့်ခွာခဲ့ရပြီဖြစ်သည်။

Ref: တီဘီအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here