ကျောင်းအပြန် ချောင်းရေဆင်းကစားသည့် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ၊ ယနေ့အချိန်အထိ ရှာမတွေ့သေး

0
21

“ဝ” ဒေသတောင်ပိုင်း မိုင်းယွန်းမြို့အတွင်းရှိ တောင်ကျချောင်းတစ်ခုတွင် ယခုလ စက်တင်ဘာ (၂၀)ရက်နေ့၌ ကျောင်းမှအပြန် ချောင်းရေဆင်းကစားသည့် အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေကာ ယနေ့အချိန်အထိ ရှာဖွေမတွေ့သေးကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ ပျောက်ဆုံးနေသည့် ကလေ-းငယ်မှာ ဝလူမျိုးကလေးငယ်တစ်ဦးဖြစ်ပြီး၊ ၎င်း၏ ကျောပိုးအိပ်၊ ရေဗူးနှင့် ဖိနပ်တို့အား ချောင်းနဘေးတွင် ချထားခဲ့သည်ကိုတွေ့ရှိရကြောင်း ဆိုသည်။

လက်ရှိတွင် အဆိုပါ ကလေ-းငယ်အား “ဝ” ပြည်နယ်တောင်ပိုင်း အာဏာပိုင်အဖွဲ့များနှင့် ဒေသခံများ ဝိုင်းဝန်းရှာဖွေလျှက်ရှိသော်လည်း ယနေ့ စက်တင်ဘာ (၂၃) ရက် မွန်းလွဲပိုင်းအချိန်အထိ ရှာမတွေ့သေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ပေါ်ပြူလာနယူးစ်က ဝဒေသခံအချို့နှင့် အာဏာပိုင်အဖွဲ့ထံသို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင် ဖုန်းလိုင်းအခက်အခဲကြောင့် အဆက်အသွယ်မရရှိသေးပေ။

“ဝ” ဒေသ ပန်ဆန်း၊ မိုင်းပေါက်နှင့် ရှမ်း ပြည်နယ်များအတွင်း စက်တင်ဘာ (၉) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာ သွန်းခဲ့ကာ လူနေအိမ်များ ရေနစ်မြှုပ်ခဲ့သလို အချို့ကားများ ရေစီးနှင့်မျောပါ ပျက်စီးခဲ့ရသေးသည်။

ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ပန်ဆန်း – မိုင်းပေါက်လမ်းပိုင်းကို “ဝ” ဒေသအာဏာပိုင်လက်အောက်ရှိ ဆောက်လုပ်ရေးဌာနက တာဝန်ယူ ဆောင်ရွက်လျှက်ရှိပြီး၊ လက်ရှိအချိန်အထိ လိုအပ်နေသေးသည့် ပြင်ဆင်ဆောင်ရွက်မှုများကို လုပ်ဆောင်ပေးလျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here