ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ လမ်းများ ပိတ်ဆို့နေမှုကို စနစ်တကျပြုပြင်သွားရန် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးမှာကြား

0
11

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ လမ်းများ ပိတ်ဆို့နေမှုကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေပြီး ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်လျက်ရှိရာ အမြန်ဆုံးပြန်လည်ပြုပြင်သွားရန် ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က ပြောကြားသည်။

တောင်ကျရေများ ထိုးဆင်း၊ တိုက်စားမှုကြောင့် မဲနယ်တောင်ဒေသရှိ စံဖူး-နမ့်ခုတ်-ရွာသစ်လမ်းများ ပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများကို နေ့စဉ်ရှင်း လင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် တောင်ပြိုမြေဖယ်ရှားရှင်းလင်းနေမှုကို စက်တင်ဘာ (၂၃) ရက်က ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာတွင် မှာကြားခဲ့ခြင်းဖြစ်သည်။

စံဖူး-နမ့်ခုတ်-ရွာသစ်လမ်း ဗန်းစောက်ကျေးရွာ ၁၆/၆ မိုင်နှင့် စံဖူးကျေးရွာ ၁၄/၂ မိုင်တို့တွင်လည်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများထိုးဆင်းတိုက်စားခဲ့သဖြင့် တောင်ပြိုခြင်း၊ လမ်းပဲ့ကျပျက်စီးခြင်း၊ သစ်ပင်များလဲခြင်းတို့ကြောင့် ပိတ်ဆိုမှုဖြစ်နေသည့် တောင်ပြိုမြေများနှင့် သစ်ပင်ကိုင်းများအား လမ်းဦးစီးဌာနမှ ရှင်းလင်းနေကြောင်း သိရသည်။

ထိုသို့ ရှင်လင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ရှင်းလင်းဆောင်ရွက်ရန်၊ ယာဉ်များ ပုံမှန်သွားလာနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်စီးဆင်းမှုမြန် ဆန်ရေး၊ စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားပြီး လိုအ ပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here