တရုတ်ခရီးစဉ်သည်နှစ်နိုင်ငံဆက်ဆံရေး၌ အောင်မြင်မှုဖြစ်–မလေးရှားဘုရင်

0
13
Chinese President Xi Jinping (L) and King of Malaysia Sultan Ibrahim Iskandar (R) pass by an honor guard during a welcoming ceremony at The Great Hall Of The People in Beijing on September 20, 2024. (Photo by Lintao Zhang / POOL / AFP)

ကွာလာလမ်ပူ၊စက်တင်ဘာ ၂၃

မလေးရှားဘုရင်မင်းမြတ်က ၎င်း၏တရုတ်နိုင်ငံခရီးစဉ်သည် အောင်မြင်မှုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ကို မြှင့်တင်ရန် အထောက်အကူဖြစ်စေခဲ့ကြောင်းပြောကြားခဲ့ပြီး တရုတ်သမ္မတရှီနှင့်ဝန်ကြီးချုပ်လီတို့ နှင့် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို ၎င်းတို့နှစ်ဦးလုံးက လက်ခံခဲ့သည်ဟု ဆိုသည်။

ယင်းနောက်၎င်းက အနှစ် ၂၀ တာကာလအတွင်း တရုတ်နိုင်ငံ၏ တရှိန်ထိုးအင်အားကြီးထွားလာမှုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကာ မလေးရှားနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံကို နမူနာယူဆောင်ရွက်သင့်သည်ဟုထုတ်ဖော်ပြောကြားခဲ့သည်။

မလေးနှင့်တရုတ်အကြား နှစ်နိုင်ငံဆက်ဆံရေး နှစ် ၅၀ တာကာလကို ဖြတ်ကျော်နိုင်ခဲ့သည့်အတွက်လည်း ဝမ်းမြောက်ကြောင်းဆိုကာ နှစ်နိုင်ငံကြား ယခုထက်ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် အစ္စရေး – ဟားမတ်စ်အရေးနှင့်ပတ်သက်၍ တရုတ်၏ရပ်တည်ချက်ကို အားပေးထောက်ခံကြောင်း၊ ပါလက်စတိုင်း၌ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် ရပ်တည်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တောင်တရုတ်ပင်လယ်၌ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here