ရေဘေးကြောင့်‌ေ-သဆုံးခဲ့သူများအတွက် နိုင်ငံတော်၏ထောက်ပံ့ငွေများ သက်ဆိုင်ရာမိသားစုများထံရောက်ရှိရေးဆောင်ရွက်ရန် နေပြည်တော် ဥက္ကဋ္ဌမှာကြား

0
14

ရေဘေးကြောင့်‌ေ-သဆုံးခဲ့သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ထောက်ပံ့ငွေများကို သက်ဆိုင်ရာမိသားစုများထံရောက်ရှိရေးဆောင်ရွက်ရန် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ဥက္ကဋ္ဌဦးသန်းထွန်းဦးက မှာကြားသည်။

၎င်းက ယမန်နေ့ စက်တင်ဘာ ၂၃ ရက်ညပိုင်းတွင်ကျင်းပခဲ့သည့် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာ၌ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့်လူနေအိမ်များတွင် ပြည်သူများပြန်လည်နေထိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်လည်း မှာကြားသည်။

အလားတူ ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်သင်ကြားနိုင်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများ၊ လမ်းဘေးဝဲယာတွင် ရေလွှမ်းမိုးမှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများကိုဖယ်ရှားခြင်းလုပ်ငန်းများနှင့် လမ်းဘေးရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ၊ ရေတိုက်စား၍ ပျက်စီးသွားသည့် လမ်းတံတားများပြင်ဆင်ရာတွင် စံချိန်စံညွှန်းများနှင့်အညီစနစ်တကျဆောင်ရွက်ရန်တို့ကိုလည်း မှာကြားသည်။

ထို့အတူ ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေး အန္တရာယ်များကျရောက်ပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများနှင့်ပူးပေါင်း၍ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ရန်မှာကြားခဲ့သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here