ကမ္ဘောဒီးယားက နယ်စပ်အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်

0
17

ဖနွမ်းပင်၊စက်တင်ဘာ ၂၄

CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသမှ နှုတ်ထွက်ပြီးနောက် ကမ္ဘောဒီးယားအနေဖြင့် နယ်စပ်ဒေသ အခြေခံအဆောက်အဦဖွံ့ဖြိုးရေးကိုအာရုံစိုက်နေသည်ဟု ဝန်ကြီးချုပ် ဟွန်မာနက်ကပြောကြားခဲ့သည်။

အစိုးရအ‌နေဖြင့် CLV-DTA မှ မကြာသေးမီက နုတ်ထွက်ခဲ့သော်လည်း ကမ္ဘောဒီးယားသည် ၎င်း၏အရှေ့မြောက်ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်အခြေခံအဆောက်အဦများ တည်ဆောက်ရန်အာရုံစိုက်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှုတ်ထွက်မှုသည် ကာလရှည်စီစဉ်ထားရသော နယ်စပ်မြို့ပတ်လမ်းအပါအဝင် အခြေခံ အဆောက်အဦတည်ဆောက်ရေးနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးကိုထိခိုက်မည် မဟုတ်ကြောင်းလည်း၎င်းကပြောသည်။

ဤကြိုးပမ်းအားထုတ်မှုများသည် စီးပွားရေးတိုးတက်မှုမြှင့်တင်ရန်နှင့် ဒေသတွင်းလူနေမှုဘဝမြှင့်တင်ရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်ဟုဆိုသည်။

ယခုအစီအစဉ်၌ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများထူထောင်ခြင်း၊နယ်စပ်တလျှောက်အခြေခံအဆောက်အဦ များ ဆောက်လုပ်ခြင်း၊ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ပက်ကေ့ခ်ျများကို ၂၀၂၅ ခုနှစ်မှစ၍ဆောင်ရွက်မှုများလည်းပါဝင်ကြောင်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here