ရေဘေးကြောင့် ‌ေ-သဆုံးသူ(၂၂)ဦးအတွက် တစ်ဦးလျင်ထောက်ပံ့ငွေ(၁၀)သိန်းကျပ်စီပေးအပ်

0
13

မုန်တိုင်းတိုက်ခတ်ခဲ့သည့်အရှိန်ကြောင့် နေပြည် တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု၌ ရေ ကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ‌ေ-သဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ၊ ပျောက်ဆုံးမှုများနှင့်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည်။

ထိုသို့ ဖြစ်ပေါ်ခဲ့ရမှုများအနက် ရေဘေးကြောင့်‌ေ-သဆုံးခဲ့ရသူများဖြစ်သည့် ပုဗ္ဗသီရိမြို့နယ်မှ (၁၁)ဦး၊ ပျဉ်းမနားမြို့နယ်မှ (၇)ဦး၊ ဇေယျာသီရိမြို့နယ်မှ (၄)ဦး(စုစုပေါင်း ၂၂ ဦး)တို့အတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများမှ ယမန်နေ့ စက်တင်ဘာ ၂၄ ရက်က ၎င်းတို့၏ မိသားစုဝင်များထံ လက်ရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

‌ေ-သဆုံးသူတစ်ဦးလျှင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ (၅) သိန်းကျပ်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ်နှင့် နေပြည်တော်ကောင်စီမှ (၂)သိန်းကျပ်(စုစုပေါင်း ၁၀ သိန်းကျပ်)ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ရေဘေးကြောင့်‌ေ-သဆုံးခဲ့ရသူများအ တွက် ထောက်ပံ့ငွေများကိုလည်း ၎င်းတို့၏ မိ သားစုဝင်များထံ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေနှင့် အိုး အိမ်များပျက်စီးဆုံးရှုံးမှုအခြေအနေများအပေါ် မူတည်၍ နိုင်ငံတော်အစိုးရမှ လိုအပ်သည့်ထောက်ပံ့ကူညီမှုများဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here