သမ္မတရွေးကောက်ပွဲအပြီးတွင် အမေရိကန်၏ ယူကရိန်းမူဝါဒ ပြောင်းလဲသွားမည်ကို ဇယ်လင်စကီး စိုးရိမ်နေ

0
16

ယူကရိန်းကို ထောက်ခံသည့် ဝါရှင်တန်၏ ရပ်တည်ချက်သည် လာမည့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအပြီးတွင် ပြောင်းလဲသွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးက ဝန်ခံပြောကြားသည်။

“ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟု ဇယ်လင်စကီးက ABC News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ကမလာဟဲရစ် တို့နှင့် သူဆွေးနွေးရန်ရည်ရွယ်ထားသည့် ပဋိပက္ခဖြေရှင်းရေး အစီအစဉ်သည် အရေးကြီးကြောင်း ဇယ်လင်စကီးကဆိုသည်။

ဇယ်လင်စကီး က သူ၏ အစီအစဉ်သည် ပဋိပက္ခကို အမြန်အဆုံးသတ်ရန် ရည်ရွယ်ပြီး “တစ်နှစ်၊ သို့မဟုတ် နှစ်နှစ် သို့မဟုတ် သုံးနှစ်အတွင်း အဆုံးသတ်မည်”ဟု အခိုင်အမာဆိုခဲ့သည်။

ထိုအတောအတွင်း ဇယ်လင်စကီးနှင့် နီးစပ်သူတစ်ဦးက ABC News သို့ ပြောကြားရာတွင် “ဇယ်လင်စကီး၏ အစီအစဥ်တွင် အချက်ငါးချက် ပါဝင်ပြီး အဓိကအချက်မှာ ယူကရိန်းအတွက် သတ်မှတ်ထားသော စစ်ရေးအကူအညီ ပမာဏအပြင် သံတမန်ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ အချက်အချို့လည်း ပါဝင်သည်။ သို့သော်လည်း ရုရှားဖက်က ကမ်းလှမ်းထားချက်များကို လိုက်လျောမှုများ မပါဝင်ပါ”ဟုဆိုသည်။

အမေရိကန်သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here