ယနေ့ သီပေါမြို့တွင်းအခြေအနေ

0
20

ရှမ်း/မြောက် သီပေါမြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားသည့်အခြေအနေပေါ်မူတည်၍ မြို့တွင်းသွားလာနေကြရကာ အများစုမှာ နေအိမ်အတွင်း၌ပင် နေထိုင်‌ကြသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

ယနေ့ စက်တင်ဘာ (၂၅)ရက်၌ မန္တလေး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအတိုင်း ယာဉ်ကြီးယာဉ်ငယ်အချို့ ပုံမှန်ဖြတ်သန်းသွားလာနေကြသော်လည်း သီပေါမြို့တွင်းလမ်းနှင့် ရပ်ကွက်များအတွင်း လူသွားလူလာ နည်းပါးနေကြောင်း ဆိုသည်။

“လုံခြုံရေးအနေအထားစိုးရိမ်စရာရှိနေလို့ လက်ရှိ နေထိုင်ကြသူတွေကအိမ်ထဲမှာ နေကြတာများပါတယ်။ ဒေသခံတွေမြို့ကိုစွန့်ခွာပြီး တိတ်ဆိတ် ခြောက်ကပ် နေတာမျိုးတော့မတွေ့ရပါဘူး။ လေကြောင်းပစ်ခတ်မှုနဲ့လက်နက်ကြီးသံတော့ နေ့စဉ်ကြားနေရပေမဲ့အခြေအနေကြည့် လှုပ်ရှားသွားလာ နေထိုင် နေကြရတယ်”ဟု ဒေသတွင်း ခရီးသွားတစ်ဦးက ဆိုသည်။

လက်ရှိတွင် သီပေါမြို့၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး၊ ရပ်ဝေးမိသားစုအား ဆက်သွယ်လိုသူများအနေဖြင့် ကျောက်မဲမြို့ နှင့် နောင်ပိန်ရွာအကြား ရင်ခွဲတောင် အကျော် သစ်ယားပင်ကွေ့တွင် သွားရောက်အသုံးပြုသူများရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦး၏ ပြောကြားမှုအရသိရသည်။

ဓာတ်ပုံ-ဒေသတွင်း ခရီးသွားတစ်ဦး


LEAVE A REPLY

Please enter your comment!
Please enter your name here