အမေရိကသည် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဖြင့် ခြိမ်းခြောက်နေ–ပြုံယမ်း

0
16

တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းတွင် အမေရိကန် နျူကလီးယား ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေခြင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ ညီမ ကင်မ်ယိုဂျွန်က ဝေဖန်ပြောဆိုလိုက်သည်ဟု အင်္ဂါနေ့တွင် နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ယင်းလုပ်ရပ်သည် ၎င်း၏ မဟာဗျူဟာ မြောက် နျူကလီးယား လက်နက်များကို ထုတ်နုတ် အင်အားပြကာပိုမို ခြိမ်းခြောက်နေသည့် အမေရိက၏ ရည်ရွယ်ချက် ၏ သက်သေပင်ဖြစ်သည်ဟု ကင်မ်က မှတ်ချက်ပြုခဲ့ကြောင်း KCNA ဆိုသည်။

ယူအက်စ်အက်စ် ဗားမွန့်ရေငုပ်သင်္ဘောသည် ရိက္ခာထောက်ပံ့ရန်နှင့် သင်္ဘောသားများကို အနားယူခွင့်ပေးရန် တနင်္လာနေ့တွင် ဘူဆန် ရေတပ်စခန်းသို့ ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားရေးတပ်ကို ကိုးကား၍ ယွန်ဟပ်သတင်းက ဖော်ပြခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘော တွေ့ဆုံမှုအဖြစ် တနင်္လာနေ့က တောင်ကိုရီးယား၊ အမေရိကနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြုလုပ်ခဲ့ကြအပြီးတွင် ကင်မ်၏ ဝေဖန်ချက်ထွက်လာခြင်းလည်းဖြစ်သည်။

မြောက်ကိုရီးယားသည် မကြာခင်က ၎င်း၏ ယူရေနီယံသန့်စင်စက်ရုံများ ကိုထုတ်ဖော်ပြသခဲ့မှု၊ ရုရှားနှင့် တရားမဝင် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ဆက်လုပ်ဆောင်နေမှုတို့အပေါ် စိုးရိမ်ပူပန်ကြောင်း ၎င်းတို့က ထုတ်ဖော်ပြောဆိုပြီး ယခုနှစ်အတွင်း သုံးနိုင်ငံ ထိပ်သီးအစည်းအဝေး ဖြစ်မြောက်အောင်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Ref: Asharq Al-Awsat


LEAVE A REPLY

Please enter your comment!
Please enter your name here