“ပွဲစဥ်တိုင်းကို လေးလေးစားစား ယှဥ်ပြိုင်သွားမည်”ဟု မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းခေါင်းဆောင်ပြော

0
15

ကာဂျစ်စတန်နိုင်ငံ၊ Bishkek မြို့တွင်ကျင်းပမည့် အာရှယူ-၂၀ ခြေစစ်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို Dolen Omurzakov Stadium ၌ ယမန်‌‌နေ့ စက်တင်ဘာ ၂၄ ရက်ကကျင်းပခဲ့ရာ ” ပွဲစဥ်တိုင်းကို လေးလေးစားစားယှဥ်ပြိုင်သွားမှာပါ။ အသင်းဖော်တွေအားလုံးလည်း စည်းစည်းလုံးလုံးနဲ့ ပုံစံကောင်းရနေပါတယ်။ လက်ရှိမှာတော့ တစ်သင်းလုံးက အိမ်ရှင်ကာဂျစ်စတန်နဲ့အဖွင့်ပွဲစဥ်ကို အပြည့်အဝအာရုံစိုက်ထားပါတယ်” ဟု မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းခေါင်းဆောင်စွမ်းထက်ကပြောသည်။

ထို့ပြင် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်း၏ နည်းပြချုပ်ဦးအောင်နိုင်မှလည်း ယခုအုပ်စုတွင် အာရှအင်အားကြီးအသင်းများဖြစ်သည့် ဂျပန်၊ အိမ်ရှင်ကာဂျစ်စတန် အသင်းကောင်းများပါဝင်နေကာ ခြေစစ်ပွဲဖြစ်၍ အသင်းတိုင်းမှာ အခွင့်အရေးကိုယ်စီရှိနေသည်ဟု ပြောသည်။

ထို့အတူ မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ရသည့်အခွင့်အရေးကို အကောင်းဆုံးအ သုံးချ၍ ရလဒ်ကောင်းရရှိရန်ကြိုးစားသွားမည်ဖြစ်ကာ ပြိုင်ဘက်အသင်းများ၏ ခြေစွမ်းပိုင်း၊ အားသာချက်၊ အားနည်းချက်များကို သေချာလေ့လာထားသည်ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းသည် ကာဂျစ်စတန် ယူ-၂၀ အသင်းနှင့် ယနေ့ စက်တင်ဘာ ၂၅ ရက် မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here