ကျားဖြန့်အဖွဲ့မှဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံ သား(၁၉၄)ဦးကို လဝက ဥပဒေနှင့်အညီ တရုတ်နိုင်ငံသို့ပြန်လွှဲပေးမည်

0
13

ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့က မူဆယ်မြို့တွင် တရားမဝင်အွန်လိုင်းငွေလိ-မ်အဖွဲ့(ကျားဖြန့်အဖွဲ့)အားဝင်ရောက်ဖမ်းဆီးစစ်ဆေးစဥ် ဖမ်းဆီးရမိခဲ့သည့် တရုတ်
နိုင်ငံသား အမျိုးသား၊အမျိုးသမီး(၁၉၄)ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အညီ တရုတ်နိုင်ငံသို့ပြန်လွှဲပေးမည်ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ စက်တင်ဘာ ၂၅ ရက်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်က မူဆယ်မြို့ရှိ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် မူဆယ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မင်္ဂလာမူဆယ်အိမ်ယာအနီးတွင် ကျားဖြန့်လုပ်ငန်းဆောင်ရွက်နေကြောင်းသတင်းအရ ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

ဖမ်းစီးစစ်ဆေးစဥ် ပြည်သူ့စစ် မန်ပိန်းအဖွဲ့နှင့်ပစ်ခတ်မှုဖြစ်ပြီးနောက် မန်ပိန်းအဖွဲ့သည် ကိုဆောင်နယ်မြေဘက်သို့ကားဖြင့် ထွက်ပြေးသွားခဲ့ပြီး ယင်း အဆောက်အအုံအတွင်းမှ ကျားဖြန့် လုပ်ငန်းလုပ်ဆောင်နေသူများ၊ စက်ပစ္စည်းများနှင့်‌ေ-သနတ် (၅)လက်တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

” ဖမ်းဆီးမှုဖြစ်စဥ်မှာ စစ်သည်တွေနဲ့ အရာရှိတ ချို့ ဒဏ်ရာရခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက်မှာလည်း အဲဒီ အဆောက်အအုံကို ထပ်မံဝင်ရောက်ပြီး စစ်ဆေးဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ နှစ်ရက်ပေါင်းဖမ်းဆီးမှုမှာ တရုတ်နိုင်ငံသား အမျိုးသား(၁၈၈)ယောက်၊ အမျိုးသမီး(၆)ယောက် (စုစုပေါင်း ၁၉၄ ယောက်)၊ မြန်မာနိုင်ငံသား အမျိုးသား(၁၆၀)ယောက်၊ အမျိုးသမီး(၁၉၅) ယောက် (စုစုပေါင်း ၃၅၅ ယောက်)ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါ့အပြင် လောင်းကစားလုပ်ရာမှာအသုံးပြုတဲ့ ဖုန်း(၅၈)လုံးအပါအဝင် ဆက်စပ်ပစ္စည်းတချို့နဲ့ ယွမ် ၇ သိန်းကျော်ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်”ဟု ဆိုသည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသားများအား လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အညီ တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကာ မြန်မာနိုင်ငံသားများကိုမူ တရားဥပဒေအရ အရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဖြစ်သည့် လုံခြုံရေးလုပ်ငန်းများကို နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here