တရုတ်စစ်တပ်က ပစိဖိတ်သမုဒ္ဒရာရေပြင်သို့ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်

0
3

တရုတ်စစ်တပ်သည် ပုံစံတူ ထိပ်ဖူးတပ်ဆင်ထားသော တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ပစိဖိတ်သမုဒ္ဒရာရှိ သတ်မှတ်ဧရိယာသို့ စက်တင်ဘာ ၂၅ တွင် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။

ပစိဖိတ်သမုဒ္ဒရာရေပြင်သိူ့ ရှားရှားပါးပါး ပစ်ခတ်မှုလုပ်ခဲ့သည့် ICBM ပစ်လွှတ်မှုသည် နှစ်စဉ်စစ်ရေးလေ့ကျင့်မှု၏ ပုံမှန်အပိုင်းကဏ္ဍတစ်ခုဖြစ်ကြောင်းနှင့် နိုင်ငံတကာ ဥပဒေ၊ ကျင့်ထုံးများနှင့် အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်သကဲ့သို့ မည်သည့်နိုင်ငံ သို့မဟုတ် ပစ်မှတ်ကိုမျှ ဦးတည်ခဲ့ခြင်းမရှိကြောင်းလည်း ဆိုခဲ့သည်။ ပစ်လွှတ်ခဲ့သည့် ICBM အမျိုးအစား အပါအဝင် အခြား အသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် သိရှိရခြင်း မရှိသေးပေ။

မကြာသေးမီက တရုတ်စစ်တပ်၏ ပြင်းထန်သော ဒုံးပစ်ခတ်မှုနှင့် အခြား စစ်ရေးလေ့ကျင့်မှုဆိုင်ရာ လှုပ်ရှားမှုများကို တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ထိုင်ဝမ်ဝန်းကျင်တွင် တာဝေးပစ်မစ်ရှင်များ လုပ်ဆောင်နေသည့် တရုတ် စစ်လေယာဉ် ၂၃ စင်းကို တွေ့ရှိခဲ့သည်ဟုလည်း အလားတူ ထုတ်ပြန်ချက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။

Ref: သည်ဂျပန်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here