သန်းခေါင်စာရင်းလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်းရန် မွန်ဝန်ကြီးချုပ်မှာကြား

0
37

သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းမှ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းကကျင်းပသည့် မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့သည်။

ထို့အပြင် မွန်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတိုင်းပြီးမြောက်အောင်မြင်ရန် ကော်မတီအဆင့်ဆင့်က ကြိုတင်စီမံ၍ အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

အလားတူသန်းခေါင်စာရင်းမှရရှိသော အခြေခံကိန်းဂဏန်းများအရ လူမှုစီးပွားဖွံ့ဖြိုးရေးစီမံကိန်းများအောင်မြင်စွာဆောင်ရွက်နိုင်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးကို အထောက်အကူဖြစ်မည်ဟုလည်း ပြောသည်။

ထို့ကြောင့် သန်းခေါင်စာရင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရခြင်းဖြစ်၍ လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်သဖြင့် သန်းခေါင်စာရင်းတွင် ပါဝင်ဆောင်ရွက်ရသူအားလုံးသည် လုပ်ငန်းများဆောင်ရွက်ရာ၌ အလေးအနက်ထားဆောင်ရွက်ကြရမည်ဟု မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here