သီပေါ‌ဒေသလှိုဏ်ဂူများအတွင်း ခိုလှုံနေသည့် ဒေသခံစစ်ရှောင်များအတွက် ဒုတိယအကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်း

0
37

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါဒေသရှိ လှိုဏ်ဂူများအတွင်း ခိုလှုံနေကြသည့် ဒေသခံစစ်ရှောင် အိမ်ထောင်စု (၄၉)စုအတွက် စက်တင်ဘာ (၂၄)ရက်က ဒုတိယအကြိမ် စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသီပေါ စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးထံက သိရသည်။

“ဒုတိယအကြိမ်မြောက် လှိုဏ်ဂူတွေအတွင်းက ညီအကိုမောင်နှမတွေကို ဆန်နဲ့ စာနပ်ရိက္ခာအချို့ သွားရောက်လှူဒါန်းခဲ့ပါတယ်။ လိုအပ်ချက်တွေကတော့အများကြီးပေါ့ မိုးရွာနေတဲ့အခါကျတော့ သတိထားပြီတော့ နေနေရတာပေါ့”ဟု အမည်မဖော်လိုသူ စစ်ရှောင်အရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသခံစစ်ရှောင်များသည်သီပေါဒေသအတွင်း တိုက်ပွဲများမကြာ ခဏဖြစ်ပွားနေခြင်းကြောင့် အခြားဒေသများသို့ မတိမ်းရှောင်လိုသည့်အတွက်မိသားစုအလိုက် လှိုဏ်ဂူများအတွင်း သွားရောက်ခိုလှုံနေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

လှိုဏ်ဂူများအတွင်းခိုလှုံနေသည့် စစ်ရှောင်ပြည်သူများကို ယခုလ စက်တင်ဘာလ (၂)ရက်၌ ပထမအကြိမ် အခြေခံစားသောက်ကုန်များ သွားရောက်လှူဒါန်းခဲ့ကြသေးသည်။

ဓာတ်ပုံ-နယ်စည်းမခြား ပရဟိတ (သီပေါ)


LEAVE A REPLY

Please enter your comment!
Please enter your name here