ပျက်စီးသွားသည့် စပါးခင်းများအတွက် ပြန်လည်စိုက်ပျိုးလိုပါက သက်ဆိုင်ရာ ရုံးများထံ ဆက်သွယ်ဆောင်ရွက်နိုင်

0
25

ယာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့သည့် စပါးခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် အခြား သီးနှံများ စိုက်ပျိုးလိုပါက သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးများ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

ထိုနည်းတူ စပါးပြန်လည်စိုက်ပျိုး လိုခြင်းမရှိသည့် တောင်သူများအနေဖြင့်လည်း အခြားသီးနှံများ စိုက်ပျိုးလိုပါက မျိုးလိုအပ်ချက်၊ ထွန်ယက်ရေး လိုအပ်ချက်များကို သက် ဆိုင်ရာစိုက်ပျိုးရေးရုံးများ၊ စက်မှုလယ်ယာရုံးများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်ဟု ဆိုသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့်ပျက်စီးသွားသည့် စပါးခင်းများ ပြန်လည် စိုက်ပျိုးရန်အတွက် တောင်သူများအရန်သင့် ပြန်လည်စိုက်ပျိုးနိုင်စေရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပျက်စီးသွားခြင်းမရှိဘဲ ထိခိုက်ရုံသာ ထိခိုက်ခဲ့သည့် စပါးခင်းများ အထွက်နှုန်းလျော့နည်းမသွားစေရေး အချိန်မီပြန်လည် ကုစားခြင်းလုပ်ငန်းများကိုလည်း တောင်သူများ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်စေရန် ကွင်းသရုပ်ပြသ ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here