ဆိုးလ်၌ ညအချိန် မောင်းသူမဲ့တက္ကစီစနစ်စမ်းသပ်

0
22

ဆိုးလ်၊စက်တင်ဘာ ၂၆

တောင်ကိုရီးယားနိုင်ငံ၌ မြို့တော်တောင်ပိုင်းရှိ ဂန်နမ်းခရိုင်တွင် ညအချိန်များ၌ သတ်မှတ်ဧရိယာများအတွက် မောင်းသူမဲ့တက္ကစီစနစ်ကိုစတင်စမ်းသပ်တော့မည်ဖြစ်ကြောင်း ဆိုးလ်မြို့တော်အစိုးရက ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

ယခုကဲ့သို့ မောင်းသူမဲ့တက္ကစီစနစ်စမ်းသပ်မှုသည် တောင်ကိုရီးယား၌ ပထမဆုံးအကြိမ်ပြုလုပ်ခြင်းလည်းဖြစ်ပြီး စမ်းသပ်ကာလဖြစ်သည့်အတွက် ယခုနှစ်ကုန်အထိ အခမဲ့စီးနင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမောင်းသူမဲ့တက္ကစီများကို ည ၁၁ နာရီမှ မနက် ၅ နာရီအတွင်း တနင်္လာမှသောကြာ တစ်ပတ်ငါးရက်ပြေးဆွဲပေးသွားမည်ဖြစ်ကာ လတ်တလောတွင် ယာဉ်သုံးစီးဖြင့်သာ စမ်းသပ်ပြေးဆွဲနေခြင်းလည်းဖြစ်သည်။

မောင်းသူမဲ့ဟုဆိုသော်လည်း ယခုမှစတင်ပြေးဆွဲခြင်းဖြစ်သဖြင့် ဘေးကင်းစေရန်အတွက် အရေးပေါ်အခြေအနေတွင် ထိန်းချုပ်နိုင်ရန် ယာဉ်မောင်းတစ်ဦးပါဝင်မည်ဖြစ်သော်လည်း အဆိုပါယာဉ်မောင်းကမောင်းနှင်မည်မဟုတ်ဘဲ လူနေရပ်ကွက်များ၊လမ်းကြားများနှင့် ကျောင်းရှိရာနေရာများတွင်သာ ထိန်းချုပ်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါမောင်းသူမဲ့ယာဉ်အား တစ်ကြိမ်လျှင် ခရီးသည်သုံးဦးအထိစီးနင်းနိုင်ပြီး KakaoT ဟုခေါ်သော အက်ပလီကေးရှင်းမှတစ်ဆင့် ယာဉ်ကိုခေါ်ယူစီးနင်းနိုင်မည်ဖြစ်ကာ နောင်နှစ်ဆန်းကျမှ အခကြေးငွေပေးရမည်ဖြစ်ပြီး ယခုနှစ်၏လက်ကျန်လများတွင် အခမဲ့စီးနင်းနိုင်သည်ဟုလည်းဆိုသည်။

Source : သည်ကိုရီးယားတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here