အီလွန်မက်စ်က အီတလီဝန်ကြီးချုပ်နှင့် ချိန်းတွေ့ခြင်းမဟုတ်ကြောင်းပြောကြား

0
33

ရောမ၊စက်တင်ဘာ ၂၅

အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီနှင့် ညစာစားပွဲတစ်ခုမှ စုံတွဲပုံတက်လာသည့်အပေါ် ကမ္ဘောကျော်သူဌေးကြီး အီလွန်မက်စ်က ပြန်လည်အရွှန်းဖောက်နောက်ပြောင်ခဲ့သည်။

အဆိုပါဓါတ်ပုံ၌ ၎င်းတို့နှစ်ဦးသည် ညစာစားပွဲတွင် ဘေးချင်းကပ်ထိုင်ကာ တစ်ဦးကိုတစ်ဦးချစ်ခင်စွာငေးကြည့်နေကြသည့်ပုံစံမျိုးဖြစ်နေသည့်အတွက် အားပေးသူ ပရိသတ်များကဝိုင်းဝန်းစနောက်ခဲ့ကြခြင်းလည်းဖြစ်သည်။

ယင်းဓါတ်ပုံနှင့်တွဲတင်လာသည့်စာသားများထဲ၌ “ဒီပုံပြီးရင် ဘာဆက်ဖြစ်မလဲသိနေပြီ” ဟုရေးထားသည့်စာများကို အီလွန်မက်စ်ကပြန်လည်နောက်ပြောင်တုန့်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

“အဲ့ဒီပွဲမှာ ကျွန်တော့်အမေနဲ့အတူရှိနေတာပါ၊ဝန်ကြီးချုပ်မယ်လိုနီနဲ့လည်း သာမန်ထက်ပိုတဲ့ဘယ်လိုရင်းနှီးမှုမျိုးမှမရှိပါဘူး၊အများထင်သလို နောက်ဆက်တွဲဘာမှဆက်ဖြစ်လာဖို့မရှိပါဘူး” ဟုလည်း ၎င်းကရယ်ရယ်မောမောတုန့်ပြန်ခဲ့သေးသည်။

မက်စ်က မယ်လိုနီသည် အဆင်းထက်အချင်းပိုလှသည့်အမျိုးသမီးဖြစ်သည်ဟု ချီးကျူးစကားဆိုခဲ့သည့်အပေါ် မယ်လိုနီကမူ အမေရိကန်စွန့်ဦးတီထွင်သူဖြစ်သည့် မက်စ်သည်လည်း အဖိုးတန်ပါရမီရှင်တစ်ဦးဖြစ်သည်ဟုပြန်လည်ပြောကြားခဲ့သည်။

Source : ဒဗ္ဗလျူအိတ်ချ်ဘီအယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here