အစ္စရေး၏ တိုက်ခိုက်မှုအတွင်း လက်ဘနွန်တွင် နေ့စဉ် လူ၇၀ ကျော် ‌ေ-သဆုံးနေ

0
31

လက်ဘနွန်၏ ဒေသအသီးသီးတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေ့စဉ် ‌ေ-သဆုံးရသူ အရေအတွက်မှာ ၇၀ ဦးအထိ မြင့်တက်ခဲ့ကြောင်း လက်ဘနွန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကို ကိုးကား၍ Al Mayadeen ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့်ပင်လျှင် လူ ၄၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

‌ေ-သဆုံးသူများသည် အရပ်သားများ သို့မဟုတ် ဟစ်ဇ်ဘိုလာ ပြည်သူ့စစ်အဖွဲ့ ဟုတ်မဟုတ်ကိုမူ မဖော်ပြထားပေ။

ယခင် အ‌ေ-သအပျောက်စာရင်းများအရ ၅၁ ဦး ‌ေ-သဆုံးပြီး ၂၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇ နှင့် ၁၈ ရက်များတွင် လက်ဘနွန်နိုင်ငံတစ်ဝှမ်းတွင် တစ်ကိုယ်ရည်သုံး ဆက်သွယ်ရေးစက်ငယ်များ ပေါက်ကွဲမှု အများအပြားဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခတွင် အရှိန်အဟုန် တိုးမြင့်လာခဲ့သည်။ လက်ဘနွန်နိုင်ငံဖက်က အဆိုပါ ဖြစ်ရပ်များအတွက် အစ္စရေးကို အပြစ်တင်ခဲ့သည်။ ယင်းပေါက်ကွဲမှုများနှင့်ပတ်သက်၍ အစ္စရေးက တိုက်ရိုက်မှတ်ချက်မပေးသော်လည်း မြောက်ပိုင်းတွင် စစ်ရေးအရ စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု ကြေညာခဲ့သည်။ နောက်ပိုင်းတွင် အစ္စရေးလေတပ်သည် မြောက်ပိုင်းနယ်စပ်တစ်လျှောက် လက်ဘနွန်တောင်ပိုင်းကို ကြီးမားသောတိုက်ခိုက်မှုများ စတင်ခဲ့ပြီး ဘေရွတ်ကိုလည်း တိုက်ခိုက်ခဲ့သည်။ အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးသူဦးရေမှာ ၅၆၉ ဦးအထိ မြင့်တက်လာခဲ့ပြီး အခြားလူပေါင်း ၁၈၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်နိုင်ငံ ယာယီကျန်းမာရေးဝန်ကြီး Firass Abiad က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here