မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်နှင့် ရုရှားနိုင်ငံခြားရေးဒုဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

0
38

နူးယော့ခ်၊စက်တင်ဘာ ၂၅

ရုရှား နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်တို့သည် နူးယော့ခ်မြို့၌ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ မြန်မာ့အရေးကိုတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ယခုတွေ့ဆုံမှု ကိုမစ္စဂျူလီ၏တောင်းဆိုမှုအရ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မြန်မာနိုင်ငံ၏အခြေအနေနှင့် ပြေလည်ရေးအလားအလာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီးကမူ မြန်မာနိုင်ငံတစ်ဝန်းရှိအခြေအနေများ ပုံမှန်ပြန်လည်ဖြစ်ရေးအတွက် မရှိမဖြစ်လိုက်နာရမည့်အချက်မှာ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ဟူသော အချက်ပင်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံ၌ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍လည်း မြန်မာနိုင်ငံသားများကသာ အဓိကဆုံးဖြတ်ရမည်ဖြစ်ပြီး ပြဿနာပြေလည်ရေးနည်းလမ်းများကို ဖော်ဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ရန်လိုအပ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းကမူ တောင်းဆိုမှုရှိမှသာ အပြုသဘောဆောင်သည့်အကူအညီမျိုးပေးသင့်သည်ဟုလည်းဆိုခဲ့သည်။

Source : တပ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here