အမေရိကန်သမ္မတနှင့် ဗီယက်နမ်သမ္မတတို့တွေ့ဆုံဆွေးနွေး

0
19
US President Joe Biden meets with Vietnamese President To Lam on the sidelines of the 79th Session of the United Nations General Assembly in New York on September 25, 2024. (Photo by ANDREW CABALLERO-REYNOLDS / AFP)

နူးယော့ခ်၊စက်တင်ဘာ ၂၆

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့်ဗီယက်နမ်သမ္မတတို့သည် နူးယော့ခ်၌ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အမေရိကအနေဖြင့် ထုတ်လုပ်မှု၏အချက်အခြာဖြစ်ပြီး တရုတ်နှင့်လည်းမိတ်ဖက်ဆက်ဆံရေးရှိနေသည့် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများအပေါ် တရုတ်၏ဩဇာလွှမ်းမိုးမှုကိုတန်ပြန်ရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်။

ဗီယက်နမ်သမ္မတမစ္စတာလန်သည် နူးယော့ခ်၌ အမေရိကန်သမ္မတနှင့်သာမက အမေရိကန်စီးပွားရေးကုမ္ပဏီများ၏ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ပြီး မက်တာကုမ္ပဏီလည်းအပါအဝင်ဖြစ်ကြောင်းသိရသည်။ မက်တာသည် လူဦးရေသန်း ၁၀၀ ရှိသည့် ဗီယက်နမ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် ကတိပြုထားသောကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

သမ္မတလန်က နှစ်နိုင်ငံအကြားဆက်ဆံရေးကို ချီးကျူးစကားဆိုကာ သမ္မတဘိုင်ဒင်၏ ဆက်ဆံရေးမြှင့်တင်နိုင်ရန်ကြိုးပမ်းမှုကိုလည်းကျေးဇူးတင်စကားဆိုခဲ့သည်။ သမ္မတဘိုင်ဒင်ကလည်း ၎င်းတို့အနေဖြင့် လွတ်လပ်စွာရေကြောင်းသွားလာခွင့်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ်များအတိုင်း စည်းလုံးညီညွတ်စွာရပ်တည်မည်ဟုဆိုခဲ့သည်။

ဆက်လက်၍ သမ္မတဘိုင်ဒင်က ကုလသမဂ္ဂအထွေထွေညီလာခံ၌ပြောကြားခဲ့သည့်မိန့်ခွန်းထဲက ကဲ့သို့ပင် အချင်းချင်းလက်တွဲလုပ်ဆောင်သွားမည် ဆိုပါက ကျွန်တော်တို့မလုပ်နိုင်သည့်အရာ အရာ ဘာမျှမရှိပါဘူးဟုလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here