မပြောင်းလဲဘဲ ဆက်ဆံရေးတိုးမြှင့်ရန် ကမ္ဘောဒီးယားနှင့်တရုတ်တို့သဘောတူ

0
21

ဖနွမ်းပင်၊စက်တင်ဘာ ၂၆

ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဌခွန်ဆူဒါရီနှင့် တရုတ်နိုင်ငံရေးခေါင်းဆောင်တစ်ဦးတို့တွေ့ဆုံကြစဉ် နှစ်နိုင်ငံခေါင်းဆောင်များသည် အစဉ်အလာမပျက်ထိန်းသိမ်းခဲ့ကြသည့်နှစ်နိုင်ငံဆက်ဆံရေးကို မပျက်ပြားစေဘဲ တိုးမြှင့်ဆောင်ရွက်သွားကာ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုမြှင့်တင်ရန် ကတိပြုခဲ့ကြကြောင်းသိရသည်။

ဆူဒါရီသည် စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်အတွင်း တရုတ်နိုင်ငံသို့ (၅) ရက်ကြာတရားဝင်ခရီးသွားရောက်ခဲ့ခြင်းဖြစ်ကာ ၎င်း၏ခရီးစဉ်အတွင်း ပေကျင်းနှင့်ရှန်ဟိုင်းသို့ပါသွားရောက်မည်ဟုသိရသည်။

ယခုခရီးစဉ်သည် ကမ္ဘောဒီးယားနှင့်တရုတ် နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု၊ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုခိုင်မာအားကောင်းလာစေရန်ရည်ရွယ်ခြင်းဖြစ်ကာ နှစ်နိုင်ငံဘက်စုံမူဘောင်များကိုလည်း ပူးပေါင်းဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်းသိရသည်။

နှစ်နိုင်ငံပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရယူပြီး ခရီးသွားလုပ်ငန်း၊ယဉ်ကျေးမှု၊စီးပွားရေး၊ကုန်သွယ်ရေး နှင့် ပညာရေးစသည့်နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟုဆိုခဲ့သည်။

ဆူဒါရီ၏တရုတ်နိုင်ငံခရီးစဉ်သည် ဗီယက်နမ်၊လာအို၊ထိုင်းနှင့်ပြင်သစ်နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here