ကမ္ဘောဇဘဏ်မှ ကလောမြို့တွင် စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းပေးပြီး ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သူ(၄)ဦး၏ မိသားစုဝင်များအား ကျပ်သိန်း (၂၀)စီ ထောက်ပံ့

0
17

ရှမ်းပြည်နယ် ‌(တောင်ပိုင်း)၊ ကလောမြို့(၃) ရပ်ကွက်မှပြည်သူများအတွက် ကမ္ဘောဇဘဏ်ဝန်ထမ်းများမှ စားနပ်ရိက္ခာနှင့် အသုံးဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၄)ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်များအား ကျပ်သိန်း (၂၀) စီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်ဝန်ထမ်းများမှ စက်တင်ဘာ(၂၅)ရက်က ကလောမြို့ရှိ ဆေးဝင်္ကပါကျောင်းသို့ သွားရောက်ပြီး ထောက်ပံ့ရေး ပစ္စည်း(၁၇) မျိုးကို ရေဘေးသင့် အိမ်ထောင်စု (၁၈၅) စုအတွက် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ကလောမြို့နယ် သိမ်တောင်ကျောင်းတိုက်သို့ သွားရောက်ပြီး ကျန်ရှိနေသော ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူအိမ်ထောင်စု(၁၁၅)စုအတွက် ဆန်၊ ငါးသေတ္တာ၊ အစားအသောက်များ၊ ခြုံစောင်များ၊ အိုးခွက်ပန်းကန်များ အပါအဝင် ပစ္စည်း (၁၇) မျိုးကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကလောမြို့တွင် စက်တင်ဘာ(၁၁)ရက်က စတင်၍ ရေကြီး၊ တောင်နှင့် မြေများပြိုကျခဲ့သောကြောင့် လမ်းပန်းဆက် သွ ယ်ရေးခက်ခဲနေပြီး ရိက္ခာအကူအညီနှင့် သောက်သုံးရေများ လိုအပ်လျက်ရှိရာ လက်ရှိတွင်လည်း မိုးရွာသွန်းမှု များပြားနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here