SpaceX က ဗီယက်နမ်တွင် ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်

0
16

အီလွန်မတ်ခ်၏ SpaceX ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီမံကိန်းေရးဆွဲနေသည်ဟု ဗီယက်နမ်အစိုးရကကြာသပတေးနေ့(စက်တင်ဘာ ၂၆) တွင် ထုတ်ပြန်ပြောဆိုသည်။

နူးယော့ခ်တွင် ဗီယက်နမ် သမ္မတ တူလမ်နှင့် SpaceX ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် အစိုးရရေးရာများဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဌ Tim Hughes တို့ တွေ့ဆုံခဲ့ကြအပြီးတွင် ယခုသတင်း ထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်သည်။

SpaceX ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်ကို ဗီယက်နမ်အစိုးရက စဉ်းစားသုံးသပ်နေသည်ဟု လမ်က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြိုပြင်ဆင်မှုများကို ထိထိရောက်ရောက် ပြီးမြောက်စေရန်အတွက် ဗီယက်နမ် နိုင်ငံ ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အ နီးကပ် ပူးပေါင်းဆောင်ရွက်ရန် လမ်က SpaceX ကို တိုက်တွန်းခဲ့သည်ဟုလည်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သည့် SpaceX ကုမ္ပဏီကမူ ယင်းကိစ္စ နှင့်ပတ်သက်၍ ရိုက်တာ သတင်းဌာန၏ မေးမြန်းမှုကို လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိကြောင်း သိရသည်။

ရည်ညွှန်း ၊ ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here