ပူတင်က နျူလက်နက် ထုတ်သုံးရနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်

0
24

သမားရိုးကျ ဒုံးကျည်များဖြင့် တိုက်ခိုက်လာခဲ့လျှင် ရုရှားသည် နျူကလီးယားလက်နက် ထုတ်သုံးရနိုင်ကြောင်းနှင့် နျူကလီးယားလက်နက်ပိုင် နိုင်ငံတစ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တိုက်ခိုက်လာမှုမျိုးကို ပူးပေါင်းတိုက်ခိုက်ခြင်းဟု မော်စကိုက မှတ်ယူမည်ဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့တွင် အနောက်အုပ်စုကို သတိပေးခဲ့သည်။

ရုရှား၏ တရားဝင် နျူကလီးယားလက်နက်ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်ကို ပြောင်းလဲလိုက်သည့် သူ၏ ဆုံးဖြတ်ချက်သည် အနောက်အုပ်စုက ပံ့ပိုးထားသည့် သမားရိုးကျ ဒုံးကျည်များဖြင့် ရုရှားနိုင်ငံအတွင်း သို့ ပစ်ခတ်အသုံးပြုခွင့် ယူကရိန်းကို ပေး မပေး ဆိုသည့်အပေါ် အမေရိကနှင့် ဗြိတိန်တို့၏ ညှိနှိုင်းဆွေးနွေးနေမှုများအတွက် ခရမ်မလင်၏ အဖြေဖြစ်သည်။

အပြောင်းအလဲသည် ရုရှားအတွက် ခြိမ်းခြောက်မှုများနှင့် အန္တရာယ်အသစ်များကို ဖြစ်ပေါ်စေသည့် လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းကို တုန့်ပြန်ရခြင်းဖြစ်သည်ဟု ရုရှား၏ လုံခြုံရေးကောင်စီ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပူတင်က ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ၏ ပမာဏကြီးမားသော နျုလက်နက်များအပေါ် အဓိကဆုံးဖြတ်ချက်ပေးရသူဖြစ်သော အသက် ၇၁ နှစ်အရွယ် ခရမ်မလင် အကြီးအကဲက အထူးအားဖြင့် အဓိက အပြောင်းအလဲတစ်ခုကို အလေးပေးလိုကြောင်း ပြောသည်။

နျူကလီးယားလက်နက်မပိုင်သည့် နိုင်ငံက ရုရှားကို ရန်လို ကာ တိုက်ခိုက်မှုတွင် နျူလက်နက်ပိုင်နိုင်ငံတစ်နိုင်ငံက ပါဝင်ခြင်း သို့မဟုတ် ကူညီပံ့ပိုးခြင်းသည် ရုရှားဖက်ဒရေးရှင်းကို ပူးပေါင်းတိုက်ခိုက်ခြင်းအဖြစ် မှတ်ယူသည်ဟု ပူတင်က ပြောသည်။

ရုရှား၏ နျူကလီးယားလက်နက် အသုံးပြုခြင်း၌ ပြောင်းလဲမှု ပြုလုပ်ရန်ကိုလည်း အတိအကျ ပြင်ဆင်သတ်မှတ်ထားပြီးဖြစ်ကြောင်းနှင့် ဒုံးကျည်များ၊ လေယာဉ်များ သို့မဟုတ် ဒရုန်းများဖြင့် အကြီးစားပစ်လွှတ်တိုက်ခိုက်လာမှုမျိုးကို ထောက်လှမ်းတွေ့ရှိခဲ့ပါက ယင်း ကဲ့သို့ သတ်မှတ်ထားသည့်အတိုင်း လုပ်ဆောင်ရန် မော်စကိုက စဉ်းစားမည်ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။

ထို့အပြင် ၎င်းနှင့် မဟာမိတ် ဘီလာရုစ်တို့ ကို သမားရိုးကျ လက်နက်များအပါအဝင် ရန်စတိုက်ခိုက်လာမှုများအတွက် နျူကလီးယား လက်နက် ကို အသုံးပြုခွင့်ကို ဆုပ်ကိုင်ထားသည်ဟုလည်း သူက ပြောသည်။

Ref: The Print


LEAVE A REPLY

Please enter your comment!
Please enter your name here