ကမ္ဘောဒီးယားအဆင့်မြင့်ပညာရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၈၀ ထောက်ပံ့

0
7

ဖနွမ်းပင်၊စက်တင်ဘာ ၂၆

ကမ္ဘာ့ဘဏ်သည် သိပ္ပံ၊နည်းပညာ၊အင်ဂျင်နီယာနှင့် သင်္ချာအစရှိသည့် ဘာသာရပ်များတွင် ကမ္ဘောဒီးယား၏အဆင့်မြင့်ပညာရေး အရည်အသွေးကိုမြှင့်တင်နိုင်ရန် ရန်ပုံငွေ အဖြစ် အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (IDA) ကပေးအပ်သည့် အဆိုပါဘဏ္ဍာ ရန်ပုံငွေသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးရန်အတွက် ကျွမ်းကျင်လုပ်သားများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အုပ်စု၏ စက်တင်ဘာ ၂၃ ရက်က သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်အရ လာမည့်ခြောက်နှစ်တာကာလအတွင်း ကမ္ဘောဒီးယား၏ ပညာရေးဆိုင်ရာသင်ရိုးညွှန်းတမ်းများ၊လေ့ကျင့်ရေးသင်ခန်းစာများနှင့်ဒစ်ဂျစ်တယ်နည်းစနစ်ဖြင့် သင်ယူမှုနည်းလမ်းများကိုပေါင်းစပ်ထည့်သွင်းကာ အမျိုးသမီး ၁၃,၀၀၀ အပါအဝင် ကျောင်းသားကျောင်းသူပေါင်း ၃၂,၀၀၀ ခန့်ကို အကျိုးရှိစေမည်ဖြစ်သည်ဟုလည်းသိရသည်။

ယခု စီမံချက်ကို အစိုးရအဆင့်မြင့်ပညာရေးအဖွဲ့အစည်းကိုးခု၌ အကောင်အထည်ဖော်မည်ဖြစ်ကာ နိုင်ငံ၏စီးပွားရေးဦးစားပေးမှုနှင့်ကိုက်ညီသည့် ဘွဲ့ရလူငယ်များနှင့်သုတေသနလုပ်ငန်းများကို ဖော်ဆောင်ပေးနိုင်ရန်မျှော်မှန်းသည်။

Source : ဖနွမ်းပင်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here