ကျောက်ဖရားမြစ်ရေတက်၍ နွန်ဌာဘူရီပြည်နယ်တွင် ရေကြီးမှု သတိပေးချက် ထုတ်ပြန်

0
13

ထိုင်းနိုင်ငံတွင် ကျောက်ဖရားမြစ်ရေ မြင့်တက်မှုကြောင့် နွန်ဌာဘူရီပြည်နယ်တစ်ဝန်းရှိ လူနေဒေသ ၃၀ ခန့်မှ ဒေသခံများအနေဖြင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေအတွက် ပြင်ဆင်ထားကြရန် သောကြာနေ့တွင် သတိပေးခဲ့သည်။

ထိုင်းနိုင်ငံ အထက်ပိုင်းတွင် ရက်အတော်ကြာ မိုးသည်းထန်မှုများဖြစ်နေခဲ့ခြင်းကြောင့် ကျောက်ဖရားဆည်မှ ရေများ တိုးမြှင့်ထုတ်လွှတ်ရန် လိုအပ်နေသည်ဟု ပြည်နယ် သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး ကွပ်ကဲမှုဌာနက သတိပေးခဲ့သည်။

Mueang Nakhon Sawan ခရိုင်ရှိ C2 ရေပိုလွှဲမှ ရေထုတ်လွှတ်မှုသည် စနေနေ့တွင် တစ်က္ကန့်ကို ၂၀၀၀ မှ ၂၁၀၀ ကုဗမီတာအထိ ရောက်ရှိလာမည်ဖြစ်သည်ဟု တော်ဝင် ဆည်မြောင်းဦးစီးဌာနက ခန့်မှန်းကြောင်း ၎င်းစင်တာက ပြောသည်။

ကျောက်ဖရားမြစ်နှင့် ၎င်း၏ တူးမြောင်းများအနီး နေထိုင်သူများ အထူးသဖြင့် ကြာသပတေးနေ့တွင် ရေထုတ်လွှတ်မှု တစ်စက္ကန့်လျှင် ၁,၂၈၆ ကုဗမီတာအထိ ရှိခဲ့သော အယုဒ္ဓပြည်နယ် Bang Sai ခရိုင်ရှိ C29 ရေပိုလွှဲအနီး နေထိုင်သူများအနေဖြင့် ရေကြီးမှုအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ရန် စင်တာက တိုက်တွန်းခဲ့သည်။

အကူအညီလိုအပ်သူများအနေဖြင့် နွန်ဌာဘူရီ သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး ကွပ်ကဲမှုစင်တာ၏ ဖုန်းနံပါတ် ၀၂ ၅၉၁ ၂၄၇၁ ၊ သဘာဝဘေး ကာကွယ်တားဆီးရေးနှင့် လျှော့ချရေး(DDPM) ၏ hotline နံပါတ် ၁၇၈၄ တို့သို့ ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Ref: သည်နေရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here