ရန်ကုန်မြစ်အတွင်း (၃)ရက်တိတိ ထူးကဲဒီရေတက်ရန်ရှိသော်လည်း စိုးရိမ်စရာ အခြေအနေမရှိဟု ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အသိပေး

0
23

လာမည့်အောက်တိုဘာလ (၃) ရက်မှ (၆) ရက်အထိ ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ (၃)ရက်တိတိတက်မည်ဖြစ်သော်လည်း စိုးရိမ်ရမည့် အခြေအနေမဟုတ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်ထားသည်။

ရန်ကုန်မြစ်၏ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ( ၂၀. ၀၁) ပေခန့်မှ (၂၀.၁၈) ပေခန့်အထိ ဒီရေတက်လာနိုင်ပြီး ၂၀၁၄ ခုနှစ်နှင့်၂၀၁၅ နှစ်တို့တွင် (၂၂) ပေခန့်အထိ တက်ဖူးသည့်အတွက် စိုးရိမ်ဖွယ်မရှိကြောင်း အသိပေးထားသည်။

သို့သော် ရန်ကုန်မြစ်ကမ်းအနီး နေထိုင်ကြသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြရန်ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထားသည်။

ထို့ပြင် ဒီရေတက်ချိန်တွင် ပင်လယ်နှင့်နီးသည့် ပင်လယ်ကမ်းရိုး တန်းဒေသများ၊ ရန်ကုန်တွင် ပင်လယ်မြစ်ဝနှင့်နီးသည့်သန်လျင်၊ ခရမ်းသုံးခွစသည့် နေရာဒေသများ၊ ပုစွန်‌ တောင်‌ချောင်း၊ ငမိုးရိပ်‌ ချောင်းနှင့်နီးသည့် နေရာများတွင် ရေတက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here