ဂါဇာတွင် ပြီးပြည့်စုံသော အောင်ပွဲရရှိရန် အစ္စရေးက ဆုံးဖြတ်ထားကြောင်း နေတန်ယာဟုဆို

0
18

ဟားမတ်စ်အဖွဲ့အပေါ် ပြီးပြည့်စုံသော အောင်ပွဲမရမချင်း ဂါဇာကမ်းမြောင်ဒေသတွင် ၎င်းတို့၏ စစ်ရေးစစ်ဆင်ရေးကို အစ္စရေးက ရပ်တန့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဘာလို့လဲဆိုတော့ ဂါဇာမှာ ဟားမတ်စ်တွေ ဆက်ရှိနေရင် ပြန်လည်စုဖွဲ့ပြီး အစ္စရေးကို ထပ်ခါထပ်ခါ တိုက်ခိုက်လိမ့်မယ်” ဟု နေတန်ယာဟုက မှတ်ချက်ပြုခဲ့သည်။

ဟားမတ်စ်တို့အားလုံး အပြည့်အ၀ လက်နက်ချကာ ဖမ်းဆီးထားသောဓ-ားစာခံအားလုံးကို လွှတ်ပေးရန် လိုအပ်ကြောင်း နေတန်ယာဟုက အလေးအနက် ပြောကြားခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် ဂါဇာရှိ ဟားမတ်စ်တပ်ဖွဲ့ဝင် ၄၀,၀၀၀ ၏ ထက်ဝက်ကျော်ကို ရှင်းလင်း သို့မဟုတ် သိမ်းပိုက်နိုင်ခဲ့ပြီး ၎င်းတို့၏ ဒုံးပျံလက်နက်တိုက်များ၏ ၉၀ ရာခိုင်နှုန်းခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကာ ဟားမတ်စ်၏ တပ်ရင်း ၂၄ ရင်းအနက် ၂၃ ရင်းကို ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “ကျုပ်တို့အနိုင်ရနေတယ်” ဟုလည်း အစ္စရေးဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here