ပြည်တွင်းရှိ တိရစ္ဆာန်ဥယျာဉ်များ၌ ထိုင်း-မြန်မာ ပူးပေါင်း၍ Master Plan ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

0
20

ပြည်တွင်းရှိ တိရစ္ဆာန်ဥယျာဉ်များဖြစ်သော နေပြည်တော် ၊ ရန်ကုန်၊ ရတနာပုံ တိရစ္ဆာန်ဥယျာဉ်များအတွက် Master Plan ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲကို “Htoo Zoos & Gardens Business Unit “နှင့် “The Zoological Park Organization( Thiland)” တို့ ပူးပေါင်း၍ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ Unit office Meeting Roomတွင် စက်တင်ဘာလ (၂၄)ရက်မှ (၂၇) ရက်ထိ လေးရက်တာ ပြုလုပ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Master Plan ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် ZPO( Thailand) မှ Dr.Sumate Kamolnorranath ၊ Dr. Visit Arsaithamkul နှင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှ Dr. Htun Myint ၊ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်) မှ Dr.မြတ်သူ၊ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှ Dr.Thaw Thaw Linn တို့နှင့် အတူ ဥယျာဉ်အသီးသီးရှိ တာ၀န်ရှိ လူကြီးမင်းများမှ ပူးပေါင်းပါ၀င် တတ်ရောက်ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူ (Keeper) များမှ သူတို့ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့် ဗဟုသုတများ၊ အသိပညာအကြောင်းအရာများ၊ တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်မှုသဘာဝနှင့် သဘာဝဂေဟစနစ်တွင် သက်ရှိများ မှီတည်ချိတ်ဆက်နေမူတို့ကို အသိပညာပေး ပြောကြားသည့် keeper talk အစီအစဉ်ကိုလည်း လာရောက်လေ့လာလည်ပတ်သူများအတွက် ပြုလုပ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here