လက်ဘနွန်၏ အချုပ်အခြာအာဏာ ချိုးဖောက်မှုမှန်သမျှဆန့်ကျင်ကြောင်း တရုတ်ပြော

0
30

လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုမှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်ကန့်ကွက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် နတ်စ်ရယ်လာ ‌ေ-သဆုံးခဲ့သည့် သတင်းများထွက်ပေါ်လာပြီး နောက် တရုတ်က ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အကြီးအကဲ သ-တ်ဖြ-တ်ခံရမှုကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ မြင့်တက်နေသည့်အတွက် အလွန်တရာ စိုးရိမ်ပူပန်ကြောင်းနှင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ပေကျင်းက ပြောသည်။

“ဒီဖြစ်ရပ်ကို အနီးကပ်စောင့်ကြည့်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ အရှိန်မြင့်လာမယ့်အရေးကို အရမ်း စိုးရိမ်မိပါတယ်” ဟု ပေကျင်း၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ထို့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် အစ္စရေးအနေဖြင့် အခြေအနေ အေးဆေးတည်ငြိမ်စေရေး ကို ချက်ချင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကိုလည်း ဖေါ်ပြထားသည်။

Ref: တိုင်မ်းစ်အော့ဖ်အစ္စရေး


LEAVE A REPLY

Please enter your comment!
Please enter your name here