ပြည်တွင်း ဈေးကွက်တွင် အမေရိကန် ဒေါ်လာစျေး ထပ်မံကျဆင်း

0
30

ပြည်တွင်း ဒေါ်လာလဲလှယ်ရေး စျေးကွက်အတွင်း စက်တင်ဘာ (၂၇)ရက်၌ တဒေါ်လာ (၄၉၀၀)ကျပ် ဝန်းကျင်ရှိနေရာ မှ ယနေ့ စက်တင်ဘာ (၃၀) တွင် တဒေါ်လာ(၄၇၀၀) ဝန်းကျင်အထိ ရောက်ရှိလာကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း၌လည်း ဝယ်လိုအား ကျဆင်းလာခြင်းကြောင့်လည်း အရောင်းအဝယ်အေးနေကြောင်းလည်း စုံစမ်းသိရသည်။

“အခုစျေးလေးတွေ ကျလာတော့ အရမ်းမဆိုးတော့ဘဲ နည်းနည်း အသက်ရှုချောင်တယ်” ဟု နိုင်ငံခြားငွေ လဲလှယ်ကာ ကျောင်းစရိတ်ပို့နေရသည့် မိဘတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။

ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းတွင်လည်း အမေရိကန်ဒေါ်လာငွေလဲနှုန်းက ၄၇၀၀-၄၈၀၀ ဝန်း ကျင်တွင်ရှိနေပြီး ဗဟိုဘဏ်ပါဝင်သည့် FX Trading Platform တွင် စက်တင်ဘာ (၂၆) ရက်၌ ဒေါ်လာဈေး (၃၅၂၄) ကျပ်ဖြင့် အရောင်းအဝယ်လည်းရှိနေသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်လည်း စက်တင်ဘာ (၂၅) ရက်၌ ငွေလဲနှုန်း (၃၅၂၄) ကျပ်ဖြင့် အမေရိကန်ဒေါ် လာ ၁၂.၈ သန်းကျော်ကို ထုတ်ရောင်းခဲ့ကာ ငွေလဲနှုန်း (၄၉၈.၂) ကျပ်ဖြင့် တရုတ်ယွမ် (၇) သိန်းကိုလည်း ရောင်းချပေးခဲ့သေးကာ စက်တင်ဘာ (၂၇) ရက်၌လည်း သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် (၅)သန်းနှင့် ထိုင်းဘတ် သန်း (၃၀)ရောင်းချပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here