မြန်မာ့ လက်ဝှေ့ကျော် သန့်ဇင်အား Tiger Muay Thai ကလပ်တွင် လာရောက်လေ့ကျင့်ရန် ကမ်းလှမ်း

0
16

မြန်မာ့လက်ဝှေ့ကျော် သန့်ဇင်အား ထိုင်းနိုင်ငံအ‌ခြေစိုက် Tiger Muay Thai ကလပ်တွင် အခမဲ့ လာရောက်လေ့ကျင့်ရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ Tiger Muay Thai ကလပ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ လေ့ကျင့်နေသည့် ကလပ်တစ်ခုဖြစ်ပြီး ယင်းကလပ်သည် မွေထိုင်းလက်ဝှေ့အပြင် MMA ကစားသမားများအား မွေးထုတ်ပေးနေသည့် နာမည်ကြီး ကလပ်တစ်ခုလည်းဖြစ်သည်။

“သန့်ဇင်အနေနဲ့ Tiger ရဲ့ ကမ်းလှမ်းမှု အချက်အလက်တွေကို ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ပြီးရင်တော့ ကိုယ့်ဘက်က တောင်းဆိုရမှာတွေကို ထပ်မံဖြည့်စွက်ပြီး ကမ်းလှမ်းမှုကို စဉ်းစားသင့်ပါတယ်”ဟု ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးကလည်း သုံးသပ်ပြောကြားထားသည်။

အသက်(၁၉)နှစ်အရွယ်သာ ရှိသေးသည့် သန့်ဇင်အနေဖြင့်လည်း ရိုးရာလက်ဝှေ့အပြင် အခြားသော ကိုယ်ခံပညာများကိုလည်း ဝမ်းစာဖြည့်ဆည်းထားသင့်ကြောင်း ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ (၂၇)ရက် ညပိုင်း၌ ONE Fight 81 ပွဲစဉ်အတွင်း ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ ဂျပန်နိုင်ငံသား တာကဲရုနှင့် ရိုးရာဖိုက်တာသန့်ဇင်တို့ ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြရာ ဒုတိယအချီတွင် တာကဲရုအား ရှုံးနိမ့်ခဲ့သည်။

သန့်ဇင်သည် ONE တွင် (၃) ပွဲထိုးထားပြီး မွေထိုင်း နည်းစနစ်ဖြင့်ထိုးသည့် (၂) ပွဲကို အလဲထိုးဖြင့် အနိုင်ရထားကာ ကစ်ဘောင်ဆင်နည်းစနစ်ဖြင့် ထိုးသည့်ပွဲစဉ်တွင် အလဲထိုးဖြင့် ရှုံးနိမ့်ထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here