လာအိုအာဆီယံထိပ်သီးအစည်းအဝေး နစက ကိုယ်စားပြု အကြီးတန်းအရာရှိတက်ရောက်မည်

0
22
Myanmar's Permanent Secretary of Foreign Affairs Aung Kyaw Moe speaks during the ASEAN Post Ministerial Conference with China at the 57th Association of Southeast Asian Nations (ASEAN) Foreign Ministers' Meeting in Vientiane on July 26, 2024. (Photo by Sai Aung MAIN / AFP)

ရန်ကုန်၊အောက်တိုဘာ ၃

မြန်မာ့နိုင်ငံရေးပဋိပက္ခများကြောင့် အာဆီယံဆိုင်ရာဆွေးနွေးပွဲများသို့ တက်ရောက်ခွင့်ကို တားမြစ်ထားခြင်းခံခဲ့ရရာမှ ယခုတစ်ခေါက် လာအို၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကိုမူ နိုင်ငံရေး နှင့် မသက်ဆိုင်သော အကြီးတန်း အရာရှိတစ်ဦးတက်ရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အောက်တိုဘာ ၉ ရက်နေ့၌ ဗီယန်ကျင်းတွင်ကျင်းပမည့် အဆိုပါအာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကိုစေလွှတ်မည်ဖြစ်သည်ဟုလည်း သိရှိရသည်။

ယခုတစ်ကြိမ်အစည်းအဝေးတက်ရောက်ခြင်းသည် လေးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုလည်းဖော်ပြထားသည်။

ယခင်နှစ်များကနိုင်ငံ‌ရေးနှင့်မပတ်သက်သည့် အရပ်ဘက်ကိုယ်စားလှယ်စေလွှတ်တက်ရောက်ရန် အာဆီယံအသိုက်အဝန်းကဆိုခဲ့သော်လည်း နစကဘက်မှတောက်လျှောက်ငြင်းပယ်ကာ မတက်ရောက်ဘဲနေခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် ယခုတစ်ကြိမ် နေပြည်တော်မှစေလွှတ်မည့် နစက ကိုယ်စားပြု အကြီးတန်းသံတမန်ကိုမူ အာဆီယံအသိုက်အဝန်းကလည်း သဘောတူလက်ခံနိုင်ခြေရှိသည်ဟု နစ်ကေးအေးရှားမီဒီယာတွင်ဖော်ပြထားသည်။

Source : နစ်ကေးအေးရှား


LEAVE A REPLY

Please enter your comment!
Please enter your name here