SEAGP-SEAOP ၏ ၂၀၂၄ ခုနှစ် ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပပြီးစီး

0
12

SEAGP-SEAOP ကုမ္ပဏီ ၏ ၂၀၂၄ ခုနှစ် ချစ်ကြည်ရေး ပိုက်ကျော်ခြင်း ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကုမ္ပဏီ၏ မန္တလေးရုံးချုပ်၊ မန္တလေး အော်ပရေးရှင်းစင်တာ၊ မဒေးကျွန်းအော်ပရေးရှင်းစင်တာ၊ မူဆယ် အော်ပရေးရှင်းစင်တာ၊ နေပြည်တော်ရုံးနှင့် ရန်ကုန်ရုံးတို့မှ အသင်းကိုးသင်း တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မဒေးကျွန်း အော်ပရေးရှင်းစင်တာ အသင်းက ပထမဆုကို ဆွတ်ခူးရရှိခဲ့ပြီး ရန်ကုန်ရုံးအသင်းက ဒုတိယဆုကို ရရှိခဲ့သည်။ မန္တလေးရုံးချုပ်မှဒုတိယအသင်းနှင့် မန္တလေးအော်ပရေးရှင်းစင်တာမှ Team B တို့က တတိယဆုရရှိခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင် ကုမ္ပဏီအကြီးအကဲများက ဆုရရှိသောအသင်းများအား ဆုဖလားများပေးအပ်ကာ ၎င်းတို့၏ ထူးထူးခြားခြားအောင်မြင်မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

ယခုပြိုင်ပွဲသည် လုပ်ဖော်ကိုင်ဖက်များအကြား ခိုင်မာသော စည်းလုံးညီညွတ်မှု စိတ်ဓာတ်ကိုသာ ဖော်ပြနေသည်သာမက ကုမ္ပဏီ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုကို လေးစားမှုနှင့် ဒေသခံဝန်ထမ်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုများအပေါ် အလေးထားမှုတို့ကိုပါ ဖော်ပြနေကြောင်း ပြိုင်ပွဲဝင်များကပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here