PNA ၏ အမှတ်စဉ်(၁) စစ်အင်အား (၇၀၀၀)ကျော် သင်တန်းဆင်းပွဲ ထပ်မံ ပြုလုပ်

0
11

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းနယ်မြေအထူးဒေသ(၆)ရှိ ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က ဦးစီးဖွင့်လှစ်သည့် အမှတ်စဉ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စစ်အင်အား (၇၀၀၀) ကျော်ဖြင့် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ယာသုဲင်ကွင်းတွင် ယမန်နေ့ အောက်တိုဘာ(၃)ရက်၌ပြုလုပ်ခဲ့ကြောင်း PNA ကအသိပေးထုတ်ပြန်ထားသည်။

အဆိုပါ သင်တန်းဆင်းပွဲကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီနှင့် စစ်ဦးချုပ်များ၊ စစ်ဒေသမှူးများ၊ ဗျူဟာမှူးများနှင့် ဒေသခံပြည်သူများ၊ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း ဆိုသည်။

PNA အနေဖြင့် ယခု သင်တန်းဆင်းစစ်အင်အားပြပွဲပြုလုပ်ခြင်းသည် (၃)ကြိမ်မြောက်ရှိပြီးဖြစ်ကာ ၊ ဩဂုတ်လ (၂၁) ရက်နေ့တွင် နောင်တရားမြို့၌ တစ်ကြိမ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် မြင့်မိုရ်တိုင်း၊ ပေါမူဒေသ၌ တစ်ကြိမ် ၊ ယခု အောက်တိုဘာ (၃)ရက်တွင် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ယာသုဲင်ကွင်း၌ တစ်ကြိမ် ပေါင်း(၃)ကြိမ် စစ်ရေးပြသခဲ့သည်ဟုသိရသည်။

ပြီးခဲ့သော စက်တင်ဘာလ (၃၀) ရက်က မြင့်မိုရ်တိုင်း၊ ပေါမူဒေသတွင် စစ်အင်အား (၂၀,၀၀၀)ဖြင့် သင်တန်းဆင်းပွဲပြုလုပ်စဉ်အတွင်း မည်သည့် အစိုးရတက်သည်ဖြစ်စေ ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု PNA ဒု-စစ်ဦးစီးချုပ် ခွန်ဝင်းထွန်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here