ကျိုက္ခမီရေလယ်ဘုရား ဆွမ်းအိုးမျှောပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်

0
24

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရား၌ အောက်တိုဘာ (၁၇)ရက် (သီတင်းကျွတ် လပြည့်) နံနက် (၃)နာရီအချိန်တွင် ဆွမ်းအိုးမျှောပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရပ်ဝေး/ရပ်နီးရှိ ဆွမ်းအိုးမျှောသူများအနေဖြင့် မိမိတို့အစီအစဉ်ဖြင့် လာရောက်၍ ဆွမ်းအိုးမျှောပွဲတာ်တွင် ပါဝင်နိုင်ကြောင်း ဘုရားပွဲတော်ကျင်းပရေးကော်မတီက အသိပေးထားသည်။

ထို့အပြင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓပူဇနိယပွဲတော်ကိုလည်း တစ်ဆက်တည်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အောက်တိုဘာ(၁၁)ရက်မှ အောက်တိုဘာ (၁၅) ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အလားတူ သီတင်းကျွတ်လပြည့်နေ့ နံနက်(၈)နာရီချိန်တွင်လည်း သာသနာ့ဗိမာန်တော်ကြီး၌ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဟု အသိပေးထားသည်။

ကျိုက္ခမီ ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ဇာတ်သဘင်ပွဲ (ဗလာပွဲ)များကို ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သီရိဇေယျာဇာတ်ရုံကြီးနှင့် မြို့လယ်ကျောက်တိုင်တို့တွင် ထည့်သွင်း ဖျော်ဖြေမည်ဖြစ်သလို အလွတ်တန်းဘောလုံးပြိုင်ပွဲများကိုလည်း ကျိုက္ခမီမြို့မဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပွဲတော်အတွင်း ဈေးဆိုင်ခန်းများဖြင့် ရောင်းချလိုပါကအောက်တိုဘာ (၁၀)ရက်တွင် နေရာများ အကွက်ရိုက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here