မြန်မာနိုင်ငံ ခရီးစဉ်ဒေသများ၏ အခန်းကဏ္ဍကို ကွာလာလမ်ပူတွင်ကျင်းပသည့် နိုင်ငံတကာခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုပြပွဲတွင် ဖြန့်ချိနိုင်ခဲ့

0
13

မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ်ရာ ခရီးစဉ်ဒေသများအကြောင်းနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နိုင်ရန်လိုအပ်သော သတင်းအချက်အလက်များကို ၂၀၂၄ နိုင်ငံတကာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုပြပွဲနှင့် ဆွေးနွေးပွဲများတွင် ဖြန့်ချိပေးနိုင်ခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၌ အောက်တိုဘာ (၃) ရက်မှ (၆) ရက်အထိ ကျင်းပသည့် ယင်းဆွေးနွေးပွဲများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲများကို “ရှေးဟောင်းအမွေအနှစ်များဖြင့် အနာဂတ်ကာလများကို ပုံဖော်ရာတွင် ယဉ်ကျေးမှုအမွေအနှစ်များအား တာဝန်သိစွာဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ကင်ညာနိုင်ငံနှင့် ဇမ်ဘီယာနိုင်ငံတို့က “ဒေသခံများ၏အနာဂတ်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ခြင်း (Sustainable Tourism for Community’s Future)” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံကိုယ်စား အမြဲတမ်းအတွင်းဝန်က မြန်မာနိုင်ငံ၏ အဓိကခရီးစဉ် ဒေသများတွင် ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်းများနှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ဖော်ဆောင်နေမှု၊ မြန်မာနိုင်ငံတွင် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ အများပြည်သူ ပူးပေါင်းပါဝင်မှုရှိသော ခရီးသွားလုပ်ငန်းမူဝါဒများနှင့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းစံနှုန်း ရေးဆွဲဆောင်ရွက်ခဲ့မှု၊ ပုဂံကဲ့သို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ခရီးသွား လုပ်ငန်းမှ ဒေသခံပြည်သူများအား အထောက် အကူပြုနိုင်မှုနှင့် အဆိုပါခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေးတွင် ဒေသခံများ၏ အရေးကြီးသော အခန်းကဏ္ဍများမှ ပါဝင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ဗွီဒီယိုကို ပြသခဲ့ကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲများသို့ ပြည်တွင်း ပြည်ပမှ ဧည့်သည် ၂၀၀၀၀ ခန့် လာရောက်လေ့လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here