ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံရာတွင် အဖြူရောင်ကိုယ်ထည်သံခင်းတမန်ခင်းကို ကျင့်သုံးရမည်ဖြစ်

0
4

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံရာတွင် အဖြူရောင်ကိုယ်ထည်သံခင်းတမန်ခင်း (White Hull Diplomacy)ကို ထိထိရောက်ရောက် ကျင့်သုံးလုပ်ဆောင်သွားရမည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

၎င်းမှ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)တွင် ကျင်းပသည့် ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း(၃)နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံရခြင်း၊ ပင်လယ်ပြင်တွင် ပြည်တွင်း၊ ပြည်ပမှ ကုန်သွယ်ရေယာဉ်များကို စစ်ဆေးကြပ်မတ်ရခြင်း တာဝန်များကို ထမ်းဆောင်ရခြင်းကြောင့် ရေကြောင်းဆိုင်ရာဥပဒေများ၊ နိုင်ငံတကာဥပဒေများ၊ IMO Regulation များ၊ မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေး ထိုးထားသည့် Convention များ၊ Treaty များကို ကောင်းမွန်စွာသိရှိနားလည်ရမည်ဟု ၎င်းက ပြောသည်။

” မိမိနိုင်ငံအကျိုးစီးပွားအတွက် ထိထိရောက်ရောက်အသုံးချနိုင်ရမှာဖြစ်သလို အဲဒီ ဥပဒေတွေနဲ့အညီ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့လိုပါတယ်”ဟု ဆိုသည်။

ထို့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရာတွင် အဖြူရောင်ကိုယ်ထည် သံခင်းတမန်ခင်း(White Hull Diplomacy)ကို ထိထိရောက်ရောက်ကျင့်သုံးလုပ်ဆောင်ရမည်ဟု မှာကြားသည်။

” အဖြူရောင်ကိုယ်ထည် သံခင်းတမန်ခင်း (White Hull Diplomacy)ဆိုတာ အဖြူရောင်ရေ ယာဉ်တွေကို အသုံးပြုတာဝန်ထမ်းဆောင်ကြတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဟာ နိုင်ငံတကာနဲ့သံခင်းတမန်ခင်းလို ငြိမ်းချမ်းစွာထိတွေ့ဆက်ဆံတာ၊ လူသားချင်းစာနာမှုအကူအညီပေးတာနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာတွေအတွက် အတူတကွပူးပေါင်းဆက်ဆံဆောင်ရွက်ခြင်းတွေကို ဆိုလိုတာပါ”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များသည် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရသူများဖြစ်၍ တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းများနှင့်ထိတွေ့ဆက်ဆံပြီး ပြည်တွင်းရေကြောင်းဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သတ်မှတ်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရမည်ဟု တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here