ဒေါက်တာ ဇော်မြင့်မောင်၏ နာရေးကို တောင်အင်းမြောက်အင်း သုသာန်တွင် ပြုလုပ်ကာ မီးသင်္ဂြိုလ်မည်

0
30

ယနေ့မနက်ပိုင်း၌ ကွယ်လွန်ခဲ့သည့် မန္တလေးတိုင်းဝန်ကြီး ချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်၏ စျာပနကို မနက်ဖြန် အောက်တိုဘာ (၈)ရက်၌ တောင်အင်းမြောက်အင်းသုသာန်တွင်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

“မနက် ဆယ်နာရီမှာ နေအိမ်ကနေ တောင်အင်းမြောက်အင်း သုသာန်မှာ မီးသဂြိုလ်မှာပါ” ဟု နီးစပ်သူတစ်ဦးကပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရစဉ် ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ အောက်တိုဘာလ (၇) ရက် ၊ နံနက် (၃)နာရီဝန်းကျင်တွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ အဂိတိလိုက်စားမှု ၊ ကိုဗစ်ကာလစည်းကမ်းဖောက်ဖျက်မှု(သဘာဝဘေးစီမံ) စသည့် အမှုများဖြင့် ထောင်ဒဏ် (၂၉) နှစ် ချမှတ်ခံထားရသည့် ဒေါက်တာဇော်မြင့်မောင်အား ကွယ်လွန်ခါနီးသတိလစ်မေ့မျောနေချိန် အောက်တိုဘာ (၆) ရက်က လွတ်ငြိမ်းခွင့်ပေးကြောင်း ထောင်အာဏာပိုင်များက လာရောက်ဖတ်ကြားပြခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ကွယ်လွန်ချိန်တွင် အသက် (၇၂) နှစ်ရှိပြီဖြစ်သူ ဒေါက်တာဇော်မြင့်မောင်၏ နာရေးနေအ်ိမ်ကို ယနေ့တွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ပါဝင်သည့် အစိုးရအဖွဲ့ဝင်များလည်း လာရောက် ဂါရဝ ပြုခဲ့ကြောင်း သိရသည်။
Photo – Credit


LEAVE A REPLY

Please enter your comment!
Please enter your name here