RCSS/SSA မှ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် လင်းခေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ပေး

0
5

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA)မှ ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့် လင်းခေးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ရပ်ကွက်အတွင်းရှိ ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ပိတ်ဆို့နေသော မြောင်းများအား ရှင်းလင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် နေ့စဉ် ပြုလုပ်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။

ရှမ်းပြည်နယ်‌တောင်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် လင်းခေး၊ မောက်မယ်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကွန်ဟိန်း စသည့်ဒေသများတွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ကာ လင်းခေးမြို့နယ်၌ ယခုနှစ်အတွင်း သုံးကြိမ်မြောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

RCSS/SSA အနေဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း ဒေသခံပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့နေပြီး၊ တစ်ဖက်တွင်ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကွင်းဆင်းလေ့လာ၍ ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

RCSS/SSA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အား ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က ဦးဆောင်နေကာ လက်ရှိတွင် တပ်မတော်နှင့် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်သည့် ရှမ်း/တောင်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ဓာတ်ပုံ- Tai Shan


LEAVE A REPLY

Please enter your comment!
Please enter your name here