တစ်လတာအတွင်း ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမား(၄၀၀)ကျော် ထိုင်းအာဏာပိုင်များပြန်ပို့ပေး

0
42

ထိုင်းနိုင်ငံ၌ စက်တင်ဘာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမား (၄၀၅) ဦးကို သက်ဆိုင်ရာ နယ်စပ်ဂိတ်များမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းများမှ တဆင့် သိရသည်။

ယင်းပြန်ပို့ခံရသူများထဲတွင် အမျိုးသား (၃၃၂) ဦးနှင့်အမျိုးသမီး (၇၃) ဦးပါဝင်ကာ ထိုင်းအာဏာပိုင်များ၏ ရက် (၁၂၀) စီမံချက်အတွက် အထောက်အထားမဲ့ နေထိုင်သူများအဖြစ် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များသည် ရက် (၁၂၀) စီမံချက်အဖြစ် ဇွန်လ(၅)ရက်မှ အောက်တိုဘာလ (၂)ရက်အထိ နိုင်ငံခြားသား အလုပ်သမား (၂၇၇,၇၇၀) ဦးကို အလုပ်ခန့်ထားသည့် လုပ်ငန်းခွင် (၂၀,၁၅၂)ခုအား ဝင်ရောက် စစ်ဆေးခဲ့ကြသည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဆိုသည်။

ယင်းအနက် မြန်မာအလုပ်သမား (၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာနက အောက်တိုဘာ (၅) ရက်တွင် ထုတ်ပြန်ထားပြီး လိုအပ်သည့် အရေးယူမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here